[Unicode]
"ဟုတ်ကဲ့ ကျွန်တော် အာမခံပါတယ် "
"ညနက်သန်းခေါင် ပတ်ဝန်းကျင်ကို နှောင့်ယှက်တယ်ဆိုတာ အခုလို ဒဏ်ကြေး အာမခံလောက်နဲ့ ပြီးသွားတယ် ဆိုပေမဲ့ နောက်တစ်ခေါက်ဆိုရင်တော့ တစ်လလောက် ရဲစခန်းမှာအိပ်ရလိမ့်မယ်"
"ဟုတ်ကဲ့ ကျွန်တော်နားလည်ပါတယ်"
လော့ချင်းရှန်း အထပ်ထပ် အာမခံပေးပြီးတော့မှ ကုန်းကျွင်းနှင့် စွန်းရှီလွမ် တို့ကို ရဲစခန်းမှ ခေါ်ထုတ်လာနိုင်တော့သည်..။
လော့ချင်းရှန်းက ကုန်းကျွင်း၏ တစ်ဝမ်းကွဲညီမလေး ကျိုးရီနှင့် မူလတန်း အလယ်တန်း အထက်တန်း တူတူတက်လာတဲ့ အပြင် တက္ကသိုလ်ပါ တူလာခဲ့တော့ ကုန်းကျွင်းနဲ့လည်း ရင်းရင်းနှီးနှီး..။
ကျိုးရီနဲ့ ကုန်းကျွင်းကလည်း တစ်ဝမ်းကွဲပေမဲ့ အရင်းတွေနှင့် မခြား တော်တော်လေးချစ်ကြတာဖြစ်သည်..။အဲဒီတော့လည်း ကျိုးရီကို ကြိုက်နေမိတဲ့ လော့ချင်းရှန်းက ကုန်းကျွင်းကို တည့်အောင်ပေါင်းထားရခြင်းပင်..။
အခုလည်း မနက်ပိုင်း အလုပ်သွားဖို့ ပြင်ဆင်နေတဲ့ သူ့ကို ရိုက်ကွင်းရှိနေတဲ့ ကျိုးရီက ဖုန်းဆက်ကာသူ့အစား အာမခံနဲ့ သွားထုတ်ပေးဖို့ ဖုန်းဆက် အကူအညီတောင်း၍ နက်ကတိုင်ပင် မစီးနိုင်ပဲ ရဲစခန်းသို့ ပြေးလာခဲ့ရတော့သည်ပင်..။
အင်းပေါ့လေ ..။မင်းသမီးဆိုတော့လည်း ရဲစခန်းမှာ ဘယ်လိုမျက်နှာပြရပါ့မလဲ..။
"မင်း ကျေးဇူး တော်တော်လေးကြီးသွားပြီပဲ လော့ညီလေး"
ကုန်းကျွင်း လော့ချင်းရှန်းကို ပြောနေသည်မှန်ပေမဲ့ မျက်လုံးကတော့ အခြားလောကတစ်ခုရောက်နေသလိုလို..။
သူ့အာရုံက ညက သူ့ကို ရဲလာခေါ်တာတောင်မှ တစ်ချက်လေးတောင် တံခါးမဖွင့်ပေးသည့် ကျန်းကျယ့်ဟန်..။ထို့ပြင် ရဲစခန်းရောက်နေသည်ကိုတောင် အာမခံလာမထုတ်ပေးသည့် အသည်းမာလွန်းသော ကျန်းကျယ့်ဟန်..။
တော်တော်လေး အသည်းမာပါ့လား ဘီဘီရယ်..။
"ကိစ္စမရှိပါဘူး ဒါရိုက်..အစ်ကိုကျွင်း ကျွန်တော့်ကိုကူညီထားတာ များနေပြီပဲ..။ဒီလောက်တော့ ကျွန်တော် ကူညီရတာ ကိစ္စမရှိပါဘူး"