[Unicode]
"ကျိုးရီ ကျိုးရီ မင်းကို လူတစ်ယောက်လာရှာနေတယ်"
"ဘယ်သူလဲ"
ကျိုးရီ ရိုက်ကွင်းနားရင်း စားဖို့ အသင့်စားhotpot ဘူးလေးဖွင့်ရုံရှိသေး လူလာရှာနေသည်ဆိုတဲ့အသံကြောင့် မျက်နှာမဲ့သွားရသည်..။
"ဘယ်သူလဲမေးရင် ဆိတ်သားတုတ်ထိုးမစားရတော့ဘူး လို့ပဲပြောခိုင်းလိုက်တယ် "
"ဖတ်"
ဖွင့်လက်စ hotpot ဘူးကို ဆက်ခနဲ ပြန်ပိတ်ချလိုက်သည်..။ဆိတ်သားတုတ်ထိုး ဆိုတဲ့ အသံက ကျိုးရီကို အလှဆုံးပြုံးအောင် ပြုလုပ်နိုင်သည်လေ..။
"အရပ်ရှည်ရှည် ဆူပုတ်ပုတ်နဲ့ မလား "
"ဟုတ်တယ် အရပ်ရှည်.."
လာပြောတဲ့ ဝန်ထမ်းလေးစကားမှမဆုံးသေး ကျိုးရီ လှစ်ခနဲ ထပြေးသွားပြီဖြစ်သည်..။
"အစ်ကို"
ရိုက်ကွင်း အပြင်ဘက် ရပ်ထားတဲ့ ကားအမည်းကြီးဘေးမှာ မှီရင်း ဆိတ်သားတုတ်ထိုး ပါဆယ်ထုတ် ကို ကိုင်ထားတဲ့ ကုန်းကျွင်းဆီ ပြေးသွားတဲ့ ကျိုးရီက ကလေးလေးတစ်ယောက်လို..။
"အက်လယ့် မနေ့ကတော့ ရုံးခန်းအပြင်တောင် တွန်းထုတ်ပြီးတော့ ဒီနေ့ ဆိတ်သားတုတ်ထိုးတွေ ဝယ်လာပေးလို့ပါလား "
"ကြိုက်တယ်မလား"
"အင်း အင်း"
ဆိတ်သားတုတ်ထိုး ထုတ်ကို ကြည့်ပြီး ပြန်တောင်မဖြေပဲ ခေါင်းကိုသာ ဆက်တိုက်ငြိမ့်ချလိုက်သည်..။
"မင်း အကြိုက်ဆုံးဆိုင်က ဝယ်လာပေးတာ "
"ရှင်းဟွ ကုမ္ပဏီ ဘေးဆိုင်!?"
"မှန်တယ်"
"အားရား အဝေးကြီးကို တကူးတကသွားဝယ်ပေးထားတာပဲ ဘာလဲ မနေ့က တွန်းထုတ်မိထားတာကို တောင်းပန်တဲ့ အနေနဲ့လား"
ပြောပြောဆိုဆိုပင် ကုန်းကျွင်းလက်ထဲက ဆိတ်သားတုတ်ထိုး ပါဆယ်က ကျိုးရီလက်ထဲရောက်နေပြီဖြစ်သည်..။
"အဲဒါဘယ်သူလဲ"
"ကျိုးရီ အစ်ကိုတဲ့"
"ချောလိုက်တာဟဲ့"