Dare You Come Back Home (6)

256 51 5
                                    

[Unicode]

"ခင်ဗျားက ဒီကို ဘယ်လို​ရောက်​နေတာလဲ"

"​သြော်​ဟော် မင်းတို့ပဲ လုယင်း ရိုက်မဲ့ ဇာတ်ကားသစ်ကို promote လုပ်မယ်ဆိုပြီး အင်တာဗျူး​တွေလုပ်​နေတာမဟုတ်ဘူးလား"

ကုန်းကျွင်း မျက်ခုံး​တွေတွန့်ချိုးသွားသည်..။သူသိတဲ့ ရိုက်မဲ့ဇာတ်လမ်းထဲမှာ ဟွမ်းယုံမင် မပါ..။

ဟွမ်းယုံမင် ထိုင်​နေတဲ့ ဆိုဖာ​​​ရှေ့ ခုံမှာ ထိုင်ချရင်း ​သေချာစိုက်ကြည့်​နေတဲ့ ကုန်းကျွင်းရဲ့ မျက်နှာ​ပေး​က သူ့ကို လုံးလုံး မယုံ​ရေးရ မယုံသည့်ပုံ..။

"​ဟေး ​ဟေ့ မင်း ငါ့ကို ဘယ်လို​တွေကြည့်​နေတာလဲ မယုံတာလား"

"ခင်ဗျားက ဘယ်​နေရာက ပါတာလဲ"

"​ခေါင်း​ဆောင်မင်းသား​လေ "

"ဟမ်"

ကုန်းကျွင်း လွန်ခဲ့တဲ့ ၂ရက်က​လေးတင် ​ဇာတ်​ကောင်​​ ​ဇာတ်​​ဆောင်တွေကို ​သေချာဖတ်ကြည့်ခဲ့​သေးတာပဲ..။​ခေါင်း​ဆောင်မင်းသားက သူမဟုတ်..။

"ကျွန်​တော်မှတ်မိရသ​လောက်က​တော့ အဲဒီ့​နေရာက ဝမ်ချွိုက်​ဟောင် ပါ "

"အခု ငါ ​ပြောင်းသွားပြီ​လေ မ​ပျော်ဘူးလား"

ရွဲ့တဲ့တဲ့ ​ဖြေ​နေတဲ့ ဟွမ်းယုံမင်​ကြောင့် ကုန်းကျွင်းမျက်နှာ ​လေဖြတ်မတတ် ရွဲ့သွားရသည်ပင်...။သူ့ idol သရုပ်​ဆောင်မင်းသမီး ကားမှာမှ သူအမြင်ကပ်တဲ့ သူက မင်းသားဖြစ်​​နေသည့် ဒီကံဆိုးမှုကြီးကို နွားနို့နဲ့ သာ​ဆေးချချင်​​တော့သည်..။

"ဘယ်လိုဖြစ်လို့လဲ"

"ဝမ်ချွိုက်​ဟောင်ရဲ့ ​ခါးဒဏ်ရာက အမြင့်ခုန်​တွေ ကြိုးဆွဲတာ​တွေအတွက်အဆင်မ​ပြေ​သေးဘူးတဲ့ သိုင်းကားဆို​တော့ မလွယ်​လောက်ဘူး​​လေ"

"အဲဒါနဲ့ ..ခင်ဗျားကို လူစားလဲလိုက်ကြ​ရောလား"

"ဒါ​ပေါ့"

ကုန်းကျွင်း သက်ပြင်းပဲ ချလိုက်မိ​တော့သည်..။

"ရုပ်ရှင်က ​​တော်​တော်​လေး ​ဖောက်မှ ​ပေါက်​တော့မှပဲ"

Dare You Come Back Home [U+Z]Opowieści tętniące życiem. Odkryj je teraz