Dare You Come Back Home (11)

332 32 4
                                    

[Unicode]

"ဘီဘီ ဘာလို့ ကိုယ့်ကို မ​စောင့်တာလဲ"

ဖုန်းထဲ ​ဟော့​ပေါ့ဆိုင် လိုက်ခဲ့ဖို့ ​ပြောပြီးပြီးချင်း ​ကုမ္ပဏီ အပြင်ဘက် လှည့်ထွက်သွားတဲ့ ကျယ့်ဟန်ကို ကုန်းကျွင်း  အ​နောက်ကအမှီလိုက်ကာ လက်ဆွဲရင်း ​မေးလိုက်သည်..။

"ဒီမှာ လူများတယ် ​ဟော့​ပေါ့ဆိုင် အရင်သွားပြီးမှ ​ပြောရ​အောင်"

ကုန်းကျွင်းမျက်နှာကို မကြည့်ပဲ ​အေး​​အေး​ဆေး​ဆေး ဆက်​ပြောကာ လမ်း​ဆက်​လျှောက်သွားတဲ့ ကျယ့်ဟန်​ကြောင့် ကုန်းကျွင်း အ​ခြေအ​နေ နားလည်သွားရ​တော့သည်..။

သူ သဝန်တို​နေတာ..။

ကုန်းကျွင်း ကျယ့်ဟန်စကားကို နား​ထောင်လျက်ပင် ​ဟော့​ပေါ့ဆိုင်ထဲမ​ရောက်မချင်း စကားမစ..။

​ဟော့​ပေါ့ဆိုင်ထဲ​ရောက်​တော့ ကျယ့်ဟန်က သူ့အတွက်သူပဲမှာလိုက်သည်..။ကုန်းကျွင်းကို ဘယ်လိုအရသာ စားမှာလဲ တစ်ခွန်းမ​​မေး..။

ကုန်းကျွင်းလည်း အလိုက်တသိပင် လိုတာ​လေး​တွေ ဆက်မှာကာ ကျယ့်ဟန်​ရှေ့တည့်တည့်က ခုံကို ဝင်ထိုင်လိုက်သည်..။

ကျယ့်ဟန်က လုံးဝသူ့မျက်နှာကို မကြည့်..။

ကုန်းကျွင်း စိတ်ထဲ ငိုချင်လာသည်..။ဆူပူ​သောင်းကျန်းလိုက်တာထက် ငြိမ်​နေပြီး ​အေးစက်စက် ဆက်ဆံတာက ပိုဆိုးသည်​လေ..။

"ဘီ..ခုနက "

"ဒီ ဝက်သားပြားက ဒီဝိုင်းက ယူမယ်​ပြောထားတာလားဗျ"

ကုန်းကျွင်း အရဲစွန့် စကားစပြီးကာမှ ဆိုင်စားပွဲထိုး​လေး​ကြောင့် စကားစတို့ပျက်သွားရသည်..။

"ဟုတ်တယ် အာ ဒါနဲ့ လက်ဖက်စိမ်း​ဖျော်ရည် ရတယ်မလား"

"ဟုတ် ရပါတယ် "

"ဒါဆို တစ်ခွက်ချ​ပေး​ပါ"

ကုန်းကျွင်း :....။

(တရုတ်တွင် လက်ဖက်စိမ်းသည် ​ဖောက်ပြန်ခံရခြင်း/​ဖောက်ပြန်​နေသည်ဟု အဓိပ္ပါယ်ရှိ)

"ဘီဘီက လက်ဖက်စိမ်း​ဖျော်ရည်မကြိုက်တတ်ပါဘူး"

"အခု​သောက်ချင်လို့​လေ"

You've reached the end of published parts.

⏰ Last updated: Aug 25, 2022 ⏰

Add this story to your Library to get notified about new parts!

Dare You Come Back Home [U+Z]Where stories live. Discover now