[Unicode]
ကုန်းကျွင်း Orange ဖက်ရှင်ဒီဇိုင်းကုမ္ပဏီကြီးရဲ့ မန်နေဂျင်း ဒါရိုက်တာ..။
အသက် ၂၆နှစ် ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်လာသူ..။ရုပ်ရည် ဥစ္စာ အောင်မြင်မှု မိသားစုနောက်ခံ အကုန် ပြည့်စုံပါသော အနှီကောင်လေးတွင် သတင်းလိုလို အတင်းလိုလို စကားများကြောင့် နာမည်တစ်ခုကတော့ တွင်လုနီးပါးပင်..။"မယကကျွင်းကျွင်း"
(မယက= မယားကြောက်)
~~~~~~~~~~~~~~~~~
"အား အားလုံးပဲ မင်္ဂလာပါ...ကျွန် ကျွန်တော်က အလုပ်သင် မာဝမ်းယွမ် ဖြစ်ပါတယ် ကျွန်တော့်ကို သင် သင်ကြားပေးကြပါဦး"
အူကြောင်ကြောင်နိုင်ပုံရသော အရပ်ရှည်ရှည်နှင့် မျက်လုံးဝိုင်းဝိုင်း ကောင်လေးတစ်ယောက် ၏ နှုတ်ဆက်သံအဆုံး အပြီးတွင်တော့ အခန်းအတွင်း ရှိကြတဲ့ ဝန်ထမ်းတွေအကုန် သူ့နေရာ သူပြန်လှည့်ကာ အလုပ်ဆက်လုပ်ကြတော့သည်..။ တစ်ယောက်မှ ပြန်တောင် မနှုတ်ဆက်..။
မာဝမ်းယွမ် လေထုအခြေအနေမကောင်းသည်ကို ခံစားမိလိုက်သည်..။
"မင်းက မဂ္ဂဇင်းအဖွဲ့ကို အသစ်ရောက်လာတဲ့ အလုပ်သင် မာဝမ်းယွမ် ဟုတ်တယ်မလား"
"ဟုတ် ဟုတ်ပါတယ်.."
"အာ ငါက လော့ချင်းရှန်း မင်းအဖွဲ့ခေါင်းဆောင်ပေါ့"
"အာ မင်္ဂလာပါ အဖွဲ့ခေါင်းဆောင်လော့"
ခေါင်းဆောင်မှန်းသိသွားတော့ မာဝမ်းယွမ် ခါးကို ၉၀°လောက်ထိ ကိုင်းချလိုက်ရင်း ထပ်နှုတ်ဆက်လိုက်လေသည်..။
"ဟားဟား အဲဒီလောက်ကြီးလည်း မလိုပါဘူးကွာ..ခေါင်းဆောင်လော့ လောက်ပဲ ခေါ်ရင် ရပြီ"
"ဟုတ်ကဲ့ ခေါင်းဆောင်လော့"
မာဝမ်းယွမ် ခေါင်းပြန်မော့လာကာ ရယ်ကျဲကျဲ လုပ်ပြလိုက်ရင်း ခေါင်းဆောင်လော့ကိုပြန်ဖြေလိုက်သည်..။
ခေါင်းဆောင်လော့ အရပ်က ၆ပေ၁လောက်ရှိနိုင်သည်..။ ဝတ်စားပုံလည်း ဖက်ရှင်ကျ၏..။မျက်ထောင့်ချွန်ချွန်နှင့် နှာတံမြင့်မြင့် ..။မော်ဒယ် ဟုပြောလျှင်ပင် ယုံချင်စရာကောင်းလှသည်..။ပြစ်ချက်ရှိသည်ကား နားရွက်တစ်ဖက်နှင့် တစ်ဖက် သိပ်မညီနေခြင်း..။မဟုတ်...နားရွက်တစ်ဖက်က အောက်ဘက်နား နည်းနည်း ပဲ့နေသလို ဖြစ်နေခြင်းပင်..။
