[Unicode]
ကျန်းကျယ့်ဟန် ယောက္ခမအိမ် ရောက်နေတာ ၃ရက်ရှိပြီဖြစ်သည်..။ ယောက္ခမက သူ့ကို သားအရင်းတစ်ယောက်လို ချစ်ပေမဲ့ ကုန်းကျွင်းနဲ့တော့ အတွေ့မခံ..။
"မား သားအပြင်သွားမလို့"
"ဘယ်သွားမလို့လဲ ကျယ့်ဟန်"
"ပန်းချီပစ္စည်းတွေ သွားဝယ်မလို့ စုတ်တံဖွာနေပြီ"
"မားလည်း လိုက်ခဲ့မယ် "
"ဗျာ"
ကျယ့်ဟန် စုတ်တံကို မဖွာဖွာအောင် နံရံနဲ့ ထိုင်တိုက်နေပြီးမှ အပြင်ထွက်ဖို့ ကြံခြင်းပင်..။ကုန်းကျွင်းနှင့် ပန်းချီပစ္စည်းဆိုင်မှာ တွေ့ဖို့ပင် ချိန်းထားပြီး ဖြစ်သည်..။ယောက္ခမကိုယ်တိုင် လိုက်မယ်လို့တော့မထင်ခဲ့..။
"မားကလဲ ပန်းချီပစ္စည်းဆိုင်က သားကိုယ်တိုင်သွားလဲ ရတာပဲကို..မားပင်ပန်းပါတယ် မလိုက်နဲ့တော့နော်"
"ကျယ့်ဟန် သားကအခု မားရဲ့သားပဲ သားလိုချင်တာ အကုန် မားဝယ်ပေးမယ် ဆိုင်ထဲ သားကြိုက်တာသာ ကောက် ဟုတ်ပြီလား"
"..."
"နေဦး မား အဝတ်သွားလဲလိုက်ဦးမယ်"
နောက်ဆုံးတော့ မတတ်နိုင်တော့..။ကျယ့်ဟန် ကုန်းကျွင်းဆီ စာရိုက်ပို့ရတော့သည်..။
《မလာနဲ့တော့ မင်းအမေပါလာတယ်》
~~~~~~~~~~~~~~~~~~~~
"ဟား ဟား ဟား ဟား"
"ကျိုးရီ!! မင်း ငါ့လာထိုင်လှောင်နေတာလား"
"အစ်ကိုရယ် မနေ့ကအန်တီ့ဆီသွားလည်တာလေ အန်တီက အစ်ကိုကျန်းကို သား သား ပါးစပ်ကနေကို မချတာ သိလား..အစ်ကိုကမှ သားမက် သူက သားအရင်းလိုပဲ ဟားဟား"
"ကျိုးရီ !!"
ကျိုးရီ ကုန်းကျွင်း ကုမ္ပဏီအထိ တကူးတကကို လာရယ်နေသည်ကို ကြည့်ရင်း ကုန်းကျွင်းတစ်ခုခုနှင့် ထရိုက်ပစ်ချင်နေသည်..။သို့သော် လောလောဆယ် ကူညီနိုင်မည့် သူက ကျိုးရီကလွဲ အခြားလူမရှိ..။ဒါကြောင့် မြိုသိပ်ထားရသည်ပင်..။