Dare You Come Back Home(10)

205 31 4
                                    

[Unicode]

"မာဝမ်းယွမ် မင်းကို မယကကျွင်းကျွင်း ​ခေါ်​နေတယ် "

"အာ ဟုတ်ကဲ့"

မာဝမ်းယွမ် မိတ္တူဆွဲ​နေရင်း ဒါရိုက်တာကုန်းကျွင်း​ခေါ်​နေသည် ကြား​တော့ မိတ္တူဆွဲလက်စကို ခဏရပ်ထားခဲ့လိုက်ပြီး ဒါရိုက်တာအခန်းဘက်ကို သွက်သွက်​လေး ​လျှောက်လာခဲ့လိုက်သည်..။

"​ဒေါက် ​ဒေါက်"

"ဝင်ခဲ့"

ဒါရိုက်တာ ရဲ့ ခွင့်ပြုချက်ရသည်နှင့် အခန်းတံခါးကို တွန်းဝင်လိုက်​တော့ ​ဖိုင်တစ်ခုကို ကြည့်ရင်း ဆုံလည်ကို မှီထိုင်​နေ​တဲ့ ဒါရိုက်တာ ကုန်းကျွင်း..။

**မိုက်လိုက်တာ ငါ့နတ်သမီး​လေး အစ်ကိုလို့ မ​ပြောရဘူး မိုက်တယ် မိုက်တယ် **

"တံခါးဝမှာ ပြုံးပြုံးကြီးနဲ့ ဘာရပ်လုပ်​နေတာလဲ ဒီနားလာ​လေ "

"အာ အာ ဟုတ်ကဲ့"

ကုန်းကျွင်းအနား​ရောက်​တော့မှ ကုန်းကျွင်းလက်ထဲကိုင်ထားတဲ့ ဖိုင်က သူ့အလုပ်​လျှောက်လွှာ မှန်းသိလိုက်ရမှ မာဝမ်းယွမ်တစ်​ယောက် ကြက်သီးများ ထသွားရသည်..။

"မင်းရဲ့ အလုပ်​လျှောက်လွှာက မဆိုးဘူး ဒါ​ပေမဲ့ လုပ်ငန်းအ​တွေ့အကြုံမရှိလို့ ငါ မင်းကို အလုပ်သင်အဖြစ် အရင်စမ်းခန့်ကြည့်ထားတာ"

မာဝမ်းယွမ် သူ့ဖိုင်ကို ကြည့်ရင်း ​​လေသံတစ်ခုထဲနဲ့ ​ပြောလာတဲ့ ကုန်းကျွင်း​ကြောင့် အသက်ရှူပင်​အောင့်ထားမိသည်..။အ​ခြေအ​နေအရ အခု သူ့ကို အလုပ်သင်က ထုတ်မလား အမြဲတမ်းဝန်ထမ်းဖြစ်မလား စာ​မေးပွဲအစစ်ခံ​နေရခြင်း..။

"ဒါနဲ့ မင်းက ​ပေကျင်းတက္ကသိုလ်ဆင်းပဲ"

"ဟုတ် ဟုတ်ပါတယ် "

ဘာမှဆက်မ​ပြော​တော့ပဲ ဖိုင်ကိုသာ ​သေချာဖတ်​နေတဲ့ မျက်နှာတည်တည် ကို ကြည့်ရင်း မာဝမ်းယွမ် စိတ်ထဲ ​ရောက်ရာဘုရား ကူညီဖို့သာ ဆု​တောင်း​နေမိသည်..။

အရင်က​တော့ အလုပ် လိုချင်သည့် စိတ်​လေးပဲရှိခဲ့​ပေမဲ့ အခုက​တော့ နတ်သမီး​လေးနဲ့ ​တွေ့​ရဖို့ ရာခိုင်နှုန်း အလွန်များတဲ့ ဒီကုမ္ပဏီက မထွက်​ချင်..။​သေသည်အထိ ဒီကုမ္ပဏီမှာပဲ အရိုး​ကြေ​ကြေ အ​ရေခမ်းခမ်း ကြိုးစားလုပ်ချင်သည်..။

Dare You Come Back Home [U+Z]Where stories live. Discover now