[Unicode]
Jin-ကိုကို
Jk-ဗျာ
Jin-ပျော်လားဟင် ဂျင်နဲ့လက်ထပ်ရတော့မှာ
Jk-မေးနေစရာလိုသေးလို့လား ဂျင်လေးရဲ့ပျော်တာပေါ့
Jin-ပျော်တယ်ဆို ဒီနေ့တစ်ရက်စာမသင်ရအောင်
Jk-ဟင် ဘာမှလည်းမဆိုင်သလိုဘဲ
Jin-ဆိုင်တယ် ဂျင့်ကိုချစ်ရင် စာမသင်နဲ့ ဂျင့်ကိုမချစ်ဘူးဆိုစာသင် ဒါဘဲ
Jk-ဟော့ဗျာ အဲ့လိုလုပ်လို့ရလား
Jin-ရတယ်
စာမသင်ချင်တာကြောင့် ဂျီတိုက်နေတဲ့ သိုးပေါက်လေးကို ဂျောင်ကုတို့ စိတ်တိုပြီးငြိုငြင်မယ်ထင်နေလား noပါအဲ့ပုံလေးကိုဘဲ ချစ်မ၀ဖြစ်နေတာ...
(အပြောင်းအလဲမြန်တာ ခုတော့လည်းသူမဟုတ်သလိုဘဲနော်ကုကု🙄)Jk-ဟုတ်ပါပီဗျာ အဲ့တာဆို စာမသင်တော့ဘူး...
Jin-ရေး...
Jk-နေဦး စကားမဆုံးသေးဘူး
Jin-ဟင်ဘာပြောဦးမို့လဲ
Jk-စာမသင်ပေမယ့် စာကျက်ရမယ်
Jin-ဟွန့်...ကိုကိုကမကောင်းပါဘူး ရတယ်လေ ကိုကိုစာကျက်ခိုင်းတာနော်
Jk-ဟုတ်တယ်
Jin-ဒါဆို ကိုကိုခဏထွက်
Jk-ကိုကဘယ်ကိုထွက်ရမှာလဲ
Jin-ဂျင့်ဦးနှောက်ထဲကလေ ဂျင်ဂျင်ကစာကျက်ချင်ပါတယ် ဒါပေမယ့် ဦးနှောက်ထဲမှာရော နှလုံးသားထဲမှာရော ကိုကိုကနေရာအပြည့်ယူထားမှတော့ ဂျင်ဂျင်က စာတွေကိုဘယ်လိုခေါင်းထဲထည့်လို့ရမှာလဲ
နူတ်ခမ်းတထော်ထော်နဲ့ ဆက်တိုက် နူတ်ကရော လက်ကောက်ကောက်လေးတွေကရော အမူအရာဖြင့် ရင်ဘက်နဲ့ ဦးနှောက်နေရာလေးကိုထိထိပြီးပြောနေတဲ့ပုံစံလေးက ဖွတ်ထားချင်စရာလေး ဘယ်သူမှမမြင်အောင်
သိုးပေါက်လေး မင်းက ဒီကောင်ကြီးအသည်းကိုခြွေဖို့များမွေးဖွားလာတာလား ?Jk-ဟုတ်ပါပီဗျာ ကျနော်မျိုးဘဲအရူံးပေးပါတယ် ဒီနေ့တစ်ရက်စာမသင်နဲ့ဟုတ်ပီလား...
Jin-ရေး ဒါမှဂျင့်ကိုကိုကွ....
Jk-နေဦး နေဦး အလကားတော့မရဘူးလေ