Ohh~My Crush (part-22)

1.9K 214 63
                                    

[Unicode]

Arr....အိုမား~~~
အပေါ်ထပ်က အဖိုးတန်သား မျောက်မီးခဲအလွဲစိန်ရဲ့အော်သံကိုကြားတော့ မိခင်ဖြစ်သူက နားကိုကြိုပိတ်ထားလိုက်တယ် သားဖြစ်သူရဲ့အသံအောင်ချက်ကိုသိနေတာကြောင့်....

Jinmom-ဟဲ့ အော်ဟစ်နေတာ နင့်အခန်းထဲကိုမြွေ၀င်လာလို့လား

Jin-အိုမား~အိုမား~သားဒီကိုဘယ်လိုရောက်လာတာလဲ

Jinmom-ခြေထောက်နဲ့ရောက်လာတာပေါ့
(ဟုတ်ကဲ့ရှင်းသွားတာပဲ🥴)

Jin-မသိပါဖူးသားက ဖင်မူးထောင်းထောင်ပြီးလာတယ်ထင်လို့

Jinmom-အဲ့တာလည်းဟုတ်တာဘဲ ညကနင့်ကိုပခုံးပေါ်ထမ်းပြီးငါ့သားလေးကချီလာရတာလေ နင်ကဖင်ထောင်ပြီးလိုက်လာတာလေ

Jin-ဟင် ညကဂျီမင်လိုက်ပို့တာမဟုတ်ဖူးလား

Jinmom-ဘယ်ဂျီမင်လည်း ငါ့သားလေးပင်ပန်းခံပြီး သွားခေါ်လာပေးရတာ အားနာဖို့ကောင်းလိုက်တာဆိုတာ

Jin-ဒါဆိုကိုကိုလိုက်ပို့တာပေါ့

Jinmom-ဟုတ်ပါ့ရှင် နိုးရင်ထ အောက်မှာအမူးပြေစွပ်ပြုတ်ချက်ထားတယ် သောက်သုံးပြီးကျောင်းသွားဖို့လုပ် ငမူး‌လွဲစိန်...

Jin-.....

Jinmom-ကြားလားလို့ ဟဲ့ လွဲဂျင်

Jin-....aww...omm...ကြားပါတယ်အမေရဲ့
အော်တာနားတောင်အူသွားတယ်

Jinmom-တိုးတိုးပြောတော့ကြားလို့လား အမူးမပြေသေးဘူးလားမသိခုထိ နောက်တခါသောက်ရဲသောက်ကြည့် အိမ်အောက်ကတံမြတ်စီးကနင့်အတွက်စပယ်ရှယ်ဖြစ်သွားလိမ့်မယ် တံမြတ်စီးစာစားချင်ရင်လုပ်ကြည့်

Jin-အိုးမားကလည်းတစ်ဦးတည်းသောသားလေးဖြစ်ပေလို့ဘဲ ဆူမယ်ဆိုတာချည်းဘဲ မေမေ‌နဲ့မနေဖူး အမြန်ဆုံးကိုကိုနဲ့လက်ထပ်ပြီးကိုကိုနဲ့နေမယ် ဟွန့်

Jinmom-ငါသားလေးကိုဒုက္ခပေးဦးမယ်

Jin-ဗျာ ကြားကြလို့မှကောင်းသေးရဲ့သား သားအရင်းကိုရှေ့မှာထားပြီး ပြောနေလိုက်တာ

Jinmom-လူကြားမကောင်းအောင် အော်မနေနဲ့ နင့်ညစ်ပတ်နေတဲ့ခန္ဓာကိုယ်ကိုရေချိုး ပြီးမှဆင်းခဲ့

Ohh~My Crush //Complete//Where stories live. Discover now