[Unicode]
Jin-ဘယ်ဆိုးလို့လဲ ကင်ဆော့ဂျင်ဘဲ ရည်းစားစကားပြောတာလေးများအေးဆေး ဂျီမင်ပြောသလိုပထမခြေလှမ်း ဒုတိယခြေလှမ်းတောင်မလိုတော့ဘူး တယ်တော်တဲ့ငါပါလား ငါကရုပ်လေးချောပြီး စိတ်ထားလေးကောင်းတာအပြင် အရမ်းတွေပါတော်နေတော့ဘယ်လိုလုပ်ရပါ့မလဲ~ခ်~ခ်~
အတွေးကမ္ဘာထဲမှာသာယာနေတဲ့ကင်ဆော့ဂျင်တစ်ယောက်အိမ်ကိုရောက်တာတောင်မသိဘဲ အိမ်ကျော်သွားတယ်လျှောက်ရင်းလျှောက်ရင်း....အိမ်နဲ့တော်တော်လေးအဝေးကိုရောက်တော့မှ
Jin-နေပါဦး ဒီအိမ်ပြာကြီးတောင်ရောက်နေပီ ဘာလို့ငါ့အိမ်ကိုမရောက်သေးတာပါလိမ့်
(အကိုကအိမ်ကိုကျော်သွားတာလေအကိုရဲ့😆)Jin-ငါစိတ်ထင်နေတာနေမှာပါ ရှေ့မှာနေမှာပေါ့အိမ်က ဆက်လျှောက်တာဘဲကောင်းပါတယ်...
(အကိုရေတော်တော်လေးကျော်နေပီနော် အိမ်ကို🥴)နောက်ဆုံးလမ်းအဆုံးရောက်တော့....
Jin-ဟင် လမ်းတောင်ဆုံးသွားပီ...ငါ့အိမ်ကဘယ်ထွက်သွားတာလဲ....
(အပြင်ခဏထွက်သွားတာပါ ဟိုဘက်ကိုအလည်သဘောပေါ့😆)Jin-ငါ့အိမ်ကိုခိုးသွားတာလား...အိမ်ကိုပြန်ပေးဆွဲသွားများလား...
(အိမ်လိုက်ကြီးတော့လဲပြန်ပေးဆွဲပါ့မလားအကိုရယ် တွေးတတ်လိုက်တာ😅)တယောက်တည်းအတွေးများနေစဉ်နောက်ကနေလက်တစ်ဖက်ကပခုံးပေါ်လှမ်းတင်လိုက်တော့...
Jin-arr...အမေရေ....Jinmom-အေး...ငါနင့်အမေ...
ဂျင်အသံကြားတာကြောင့်လှည့်ကြည့်လိုက်တော့
Jin-ဟင်အမေ...Jinmom-ပြောကြည့်
Jin-သားတို့အိမ်ဘယ်ရောက်သွားတာလဲဟင် အိမ်ကိုမတွေ့တော့ဘူး
Jinmom-အိမ်ကခြေထောက်ပေါက်ပြီးထထွက်သွားပါ့မလား...
Jin-ဘယ်ကိုထွက်သွားတာလဲ
Jinmom-ဟိုဘက်ကိုနေမှာပေါ့
Jin-အမေကမမေးလိုက်ဘူးလား ဘယ်သွားလဲ
Jinmom-အေး ငါလဲမေးဖို့မေ့သွား...aww...ငါလဲရောင်ကုန်ပါပီ ကင်ဆော့ဂျင်ရယ်....
အင့်....အင့်...
ဂျင်ရဲ့ချစ်ရပါသောမာတာမိခင်က ကျောပြင်ကိုဗောတင်လိုက်ခြင်း...
Jin-အား....အမေနာတယ်ဗျ...သူ့အသားမဟုတ်တိုင်းလိုက်ရိုက်နေတယ်....