0.5🍂

145 20 5
                                    

[Unicode]

"ဟာယွန်း နင်ကလည်း တစ်ပုဒ်တည်းပဲဟာကို ပြပါဟာ"

"မရပါဘူး ကိုယ့်ဟာကိုယ်တွက်ပေါ့ ငါခုနကလည်းရှင်းပြပြီးသား ဂျောင်ဟျောင်း ငါဆရာမနဲ့တိုင်ပြောမှာနော်"

သူပဲ သင်္ချာတွေနားမလည်လို့ရှင်းပြပါဆိုပြီး အတင်းသူ့အိမ်ကိုခေါ်လာပြီး ရှင်းပြတော့လဲသေချာနားမထောင်ဘဲ ခုပြန်ကြည့်မယ်လုပ်နေပြန်သည်မို့ ဟာယွန်းလုံးဝခွင့်မပြုနိုင်။

"ဟားဟား ပြောပေါ့ခုကအိမ်မှာလေ ဘယ်ကဆရာမကိုပြောမှာလဲ ဟား"

"ဟုတ်သားပဲ ဟမ်ဘာဖြစ်လဲ ငါအန်တီဂျွန်နဲ့တိုင်ပြောမှာခု"

"နင်ကလည်း မေမေ့ကိုတော့မတိုင်ပါနဲ့ဟာ တစ်ပုဒ်တည်းပဲကို"

"နင့်ကိုရှင်းပြထားတယ်လေခုနကပဲ"

"အေးသိပေမယ့် ဒီနားကနည်းနည်း....."

"မမ…"

ဟာနူး ဂျောင်ဟျောင်းကိုမျက်ခုံးတွေတွန့်ချိုးပြီးကြည့်နေတုန်းကြားရတဲ့ အပေါက်ဝကအသံသေးသေးကြောင့် မေ့ကြည့်လိုက်သည်။

"အော်ကုကု ပြောလေ"

ကုကုက ဟာယွန်းတို့နှစ်ယောက်ကိုမျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့စူးစိုက်ကြည့်နေပြီးမှ

"ဘာမှမဟုတ်တော့ဘူး"

ဆိုကာ စူပုတ်ပုတ်နဲ့ပြောပြီး အခန်းအပြင်ပြန်ထွက်သွားသည်။

"ဘာမှမဟုတ်ဘူးဆိုပြီး စူပုတ်နေတာ ဒီကောင်လေးဘာစိတ်ကောက်ပြန်ပြီလဲ"

ဟာနူးအာရုံမရတုန်း ဂျောင်ဟျောင်းစာအုပ်ကိုခိုးယူရန်ကြံနေစဉ်

"ဟက် ဂျောင်ဟျောင်း နင်တွက်ထားနော် ငါကနင်မသိဘူးဆိုလို့ လာရှင်းပြတာကူးချမယ်မကြံနဲ့ ခုငါကုကုဆီခဏသွားလိုက်အုံးမယ် ဘာစိတ်ကောက်ပြန်ပြီလဲမသိဘူး"

"အေးအေးသွားလေ"

ဟာယွန်းထသွားတော့ ဂျောင်ဟျောင်းတစ်ယောက် စာအုပ်ယူကြည့်မယ်ကြံတော့ စာအုပ်ကမရှိတော့။

"ကျစ် ခဏလေးပြန်ကြည့်မလို့ပါဆို စာအုပ်ကိုယူသွားတယ် ဟာယွန်းက အကျင့်ပုတ်တာ"

ᴜsᴇʟᴇss ᴘʀᴏᴍɪsᴇ 🍂 [✍︎➪]Where stories live. Discover now