0.2🍂

400 34 9
                                    

[Unicode]

မနက်မိုးလင်းတာနဲ့ ဟာယွန်းနီးတစ်ယောက် အသစ်စက်စက် သူငယ်ချင်းတစ်ဖြစ်လဲမောင်လေးကုကုအိမ်ကိုသွားဖို့
ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးတာနဲ့ အောက်ထပ်ကိုအမြန်ဆင်းချလာကာ မီးဖိုချောင်ထဲ မုန့်အမြန်ဝင်စားပြီး ကုကုအိမ်သွားဖို့ပြင်လေသည်။

"မာမားရေ ဟာယွန်းနီး ဘေးအိမ်ကကုကုတို့ဆီကိုသွားကစားချင်လို့ရလားဟင်"

နောက်ဖေးရောက်နေတဲ့မာမားကို လှမ်းအော်မေးတော့

"အင်း သွားလေသမီးလေး ခုက ၉ နာရီဆိုတော့ ထမင်းစားချိန်ကျ ပြန်လာခဲ့နော်"

မီးဖိုချောင်ထဲ ဟင်းချက်နေတဲ့မာမားရဲ့ခွင့်ပြုချက်ကိုရပြီဆိုလျှင် ဟာယွန်းနီးတစ်ယောက် အိ‌မ်ရှေ့သို့ပြေးဆင်းသွားကာ ဖိနပ်အနီရောင်လှလှလေးကို စီးလိုက်ပြီး ကုကုအိမ်သို့ အမြန်ဆင်းချသွားတော့သည်။

"ဟုတ်ကဲ့ မာမား ဟာယွန်းနီးသွားပြီ"

"အေးအေး"

ဟာယွန်းနီးထွက်သွားလို့ နည်းနည်းအကြာမှာ အာပါးပြန်ရောက်လာကာ

"ဟာယွန်းလေးရေ အာပါးပြန်လာတယ် ဒီမှာ ဟာယွန်းလေးဖို့ မုန့်လည်းပါတယ်"

အိမ်ရှေ့ကအော်နေတဲ့ အာပါးရဲ့အသံကိုကြားတော့ ဟာယွန်းနီးရဲ့မာမား နောက်ဖေးမှာဟင်းချက်နေရင်းက လှမ်းအော်ပြောရတော့သည်။

"အော်မနေနဲ့ ယောင်္ကျားရေ ရှင့်သမီးက ဟိုဖက်အိမ်မှာ"

"မိန်းမဘယ်မှာလဲ မင်းကရော"

"ကျွန်မနောက်ဖေးမှာ"

"ဟာယွန်းနီးက ဂျွန်တို့အိမ်မှာလား"

"ဟုတ်တယ် ဒါနဲ့ ယောင်္ကျား လစာသွားထုတ်တာရခဲ့လား"

"အေးရခဲ့လို့ ဒီမှာဟာယွန်းနီးအတွက် မုန့်‌တွေတောင်ဝယ်လာတာ ပြန်လာမှပဲ ကျွေးရတော့မှာပေါ့ မိန်းမဒီမှာ ယူထားလိုက်အုံးမုန့်တွေ ဒါနဲ့ ဟာယွန်းနီးက ဘာသွားလုပ်တာလဲ"

"ကုကုတို့ညီအကိုနှစ်ယောက်နဲ့ သွားဆော့မလို့တဲ့လေ မနေ့ကညက ထမင်းသွားစားပြီးကတည်းက မနက်ဖြန်ကျရင်သွားမယ်နော်ပဲဖြစ်နေတာလေ ရှင့်သမီးက"

ᴜsᴇʟᴇss ᴘʀᴏᴍɪsᴇ 🍂 [✍︎➪]Where stories live. Discover now