[Unicode]
*ဒေါက် ဒေါက်*
"မ လာလေ ဘာလို့ဆင်းမလာသေးတာလဲ ကျောင်းနောက်ကျတော့မယ်"
အောက်ထပ်ကိုဆင်းလာခါနီးကျမှ အရေးကြီးတဲ့စာအုပ်ကို စားပွဲပေါ်မှာထားခဲ့မိလို့ အမြန်လွယ်အိတ်ထဲပြန်လာထည့်နေတုန်း ကုကုတောင်မစောင့်နိုင်တော့လို့ အခန်းရှေ့ထိလာခေါ်နေလေပြီ။
ဟုတ်တယ် ဒီနေ့ဟာယွန်းတစ်ယောက်နောက်ကျနေခြင်းသာ ။
ဒီနေ့ကျောင်းမှာ နောက်လကျကျင်းပမယ့် တက္ကသိုလ်တစ်ခုလုံးရဲ့ ကျောင်း project ပြိုင်ပွဲအတွက် teammates တွေဖွဲ့ကာ ပြိုင်ရမည်ဖြစ်သည်။
အဲ့ဒါကြောင့် ဟာယွန်းတစ်ယောက် ညကလိုအပ်တဲ့အချက်အလက်တွေစုရင်း အချိန်လွန်မှအိပ်မိသွားတာကြောင့် မနက်ကျအိပ်ရာထနောက်ကျနေခြင်းသာ။
"လာပါပြီ ကုကုရဲ့ ခဏလေး"
အမြန်စာအုပ်ကိုလွယ်အိတ်ထဲထည့်ပြီး အခန်းအပြင်ထွက်လာတော့ အခန်းရှေ့မှာစောင့်နေတဲ့ကုကုက
"မ အိပ်ရာထနောက်ကျနေတာလား"
"ဟီး ဟုတ်တယ် မမညကနောက်ကျမှအိပ်မိလို့"
"မကလည်း စောစောအိပ်မှပေါ့ အိပ်ရေးပျက်တာမကောင်းဘူးလေ ကျန်းမာရေးထိခိုက်လိမ့်မယ်"
"အမယ် ကုကုကတောင် မမကိုပြန်ဆုံးမနေရပြီပေါ့လေ ဟုတ်ပါပြီရှင် နောက်ရက်တွေကျရင်စောစောအိပ်ပါ့မယ် ခုရက်က ကျောင်း project ပြိုင်ပွဲအတွက်ပြင်ဆင်နေလို့ပါ ခုနောက်ကျနေပြီ သွားရအောင်ကုကု"
~🍂~
ဟာယွန်းဖေဖေကမနက်အစောကြီးအလုပ်သွားရတာမို့ အသွားကိုတော့ ကုကုတို့ကားနဲ့သာ ကျောင်းလာဖြစ်တော့သည်။
အိမ်အပြန်ကျရင်တော့ ဖေဖေလာကြိုပေးပြီး ကုကုကဦးလေးဂျွန်ရဲ့ကားနဲ့မလိုက်ဘဲ ဟာယွန်းနဲ့သာအတူပြန်လိုက်တတ်သည်။
"ကဲ ကလေးတွေ ဖေဖေသွားပြီ ဟာယွန်းလေးရေ ဦးသွားပြီ စာကောင်းကောင်းသင်ခဲ့ကြနော်"
"ဟုတ်ကဲ့ ဦးလေးဂျွန်" "ဟုတ်ကဲ့ဖေဖေ"
ကျောင်းထဲကိုကုကုတို့နဲ့ဝင်လာတော့ ကျောင်းအပေါက်ဝမှာ စာအုပ်တစ်အုပ်ကိုငုံ့ဖတ်ရင်း နံရံကိုကျောမှီကာ ရပ်နေတဲ့ ယွန်ဂီဆန်းဘေး …။
YOU ARE READING
ᴜsᴇʟᴇss ᴘʀᴏᴍɪsᴇ 🍂 [✍︎➪]
Fanfictionအသုံးမဝင်တော့တဲ့ ကတိ ဆိုတာမျိုးက မတည်နိုင်တဲ့အခါ ယုံခဲ့ရသူတစ်ယောက်ကသာ အရူးဖြစ်သွားစေနိုင်တာမျိုး.......။ ᴊᴜɴɢᴋᴏᴏᴋ×ᴏᴄ sᴛᴀʀᴛᴇᴅ [21.3.2023] ᴇɴᴅᴇᴅ [ 𝐎𝐧 𝐆𝐨𝐢𝐧𝐠 ➪.......➪ #ᴏɴʟʏ ᴍʏ ᴄʀᴇᴀᴛɪᴏɴ ᴀɴᴅ ᴊᴜsᴛ ɪᴍᴀɢɪɴᴀʀʏ #ᴛʜᴇsᴇ ᴘʟᴏᴛs ᴏᴡɴ ʙʏ ᴍᴇ «𝑭𝒊𝒄𝒕𝒊𝒐�...
![ᴜsᴇʟᴇss ᴘʀᴏᴍɪsᴇ 🍂 [✍︎➪]](https://img.wattpad.com/cover/285157322-64-k627239.jpg)