[Unicode]
ဘယ်သူမှမရှိတဲ့ ကျောင်းစာကြည့်တိုက်ထဲတစ်ယောက်တည်း အမြင့်ပေါ်ကစာအုပ်ကိုမမှီမကမ်းယူနေတဲ့ ဟာယွန်း။
အခုဆိုဟာယွန်းက တက္ကသိုလ် ဒုတိယနှစ်ကိုရောက်နေပြီ။
နောက်၂နှစ်ဆိုဘွဲ့ရပြီး ဟာယွန်းဘဝလည်း အလုပ်တစ်ခုခုနဲ့အခြေတကျဖြစ်တော့မှာ။
ဟိုကလေးလေးကုကုကိုထိန်းရင်းနဲ့ပေါ့။
အင်းးးးး ကုကုတောင် အခုဆိုအထက်တန်းနောက်ဆုံးနှစ်ရောက်နေပြီမလား။
"ဟင်းးး စာအုပ်ကလည်း အဲ့လောက်တောင်အမြင့်မှာဘယ်သူကထားထားရတာလဲ"
မရရအောင် ခြေဖျားထောက်ပြီးယူပေမယ့်လည်းမမှီ
"ဟင်း တွေ့မယ်ရအောင်ကိုယူမယ်"
ဆိုပြီး စာဖတ်စားပွဲဘေးမှာချထားတဲ့ ထိုင်ခုံအမြင့်ကြီးကို ယူပြီးအပေါ်တက်ယူနေတဲ့အချိန်
တစ်ယောက်ယောက်ဝင်လာသံကြားလို့ ဟာယွန်း လှည့်အကြည့်တွင်
"ဟင်!!"
ခုံအမြင့်ပေါ်ကနေ ခြေထောက်ချော်ပြီးအောက်ကိုပြုတ်ကျတော့မယ့်အချိန် ထိုဝင်လာတဲ့သူက အပြေးရောက်လာပြီး ခါးကိုလှမ်းဖမ်းလိုက်တာကြောင့် သူမ အောက်ကိုပြုတ်ကျရမယ့်အစား ထိုသူရဲ့ရင်ခွင်ထဲသို့သာ ပြုတ်ကျသွားတော့တယ်။
"ရရဲ့လား"
ဟာယွန်း ဘာမှပြန်မပြောနိုင်ဘဲ ကြောင်ပြီးသာထိုသူအား ကြည့်နေမိသည်။
"ခြေထောက်ကဘာဖြစ်သွားသေးလဲမသိဘူး"
ထိုအခါမှ အသိပြန်ဝင်လာဟန်ရှိတဲ့ဟာယွန်းက ထိုလူ့ရင်ခွင်ထဲက အမြန်ပြန်ထွက်ကာ ခေါင်းကိုငုံ့လို့
"ရ ရပါတယ်"
"ကိုယ် အစောထဲကရောက်နေတာ စာအုပ်ယူနေတာထင်တယ် ခြေထောက်ချော်သွားတာ ရရဲ့လား ခြေချင်းဝတ်လည်သွားတယ်ထင်တယ်"
သူပြောခါမှ ခြေထောက်ကိုငုံ့ကြည့်လိုက်တော့ ဟုတ်ပါရဲ့ခြေချင်းဝတ်ကနီရဲလို့
"ဟုတ် ရ ရ ပါတယ်"
"ခဏလောက်ထိုင်ခုံမှာထိုင်လိုက်ပါလား ကြည့်ကြည့်ရအောင်ပါ တော်တော်နာသွားတယ်ထင်တယ်"
YOU ARE READING
ᴜsᴇʟᴇss ᴘʀᴏᴍɪsᴇ 🍂 [✍︎➪]
Fanfictionအသုံးမဝင်တော့တဲ့ ကတိ ဆိုတာမျိုးက မတည်နိုင်တဲ့အခါ ယုံခဲ့ရသူတစ်ယောက်ကသာ အရူးဖြစ်သွားစေနိုင်တာမျိုး.......။ ᴊᴜɴɢᴋᴏᴏᴋ×ᴏᴄ sᴛᴀʀᴛᴇᴅ [21.3.2023] ᴇɴᴅᴇᴅ [ 𝐎𝐧 𝐆𝐨𝐢𝐧𝐠 ➪.......➪ #ᴏɴʟʏ ᴍʏ ᴄʀᴇᴀᴛɪᴏɴ ᴀɴᴅ ᴊᴜsᴛ ɪᴍᴀɢɪɴᴀʀʏ #ᴛʜᴇsᴇ ᴘʟᴏᴛs ᴏᴡɴ ʙʏ ᴍᴇ «𝑭𝒊𝒄𝒕𝒊𝒐�...
![ᴜsᴇʟᴇss ᴘʀᴏᴍɪsᴇ 🍂 [✍︎➪]](https://img.wattpad.com/cover/285157322-64-k627239.jpg)