[Unicode]
"ကုကု ..... ကုကုလို့ မမခေါ်နေတာကိုမထူးတော့ဘူးလားကုကုရယ် စိတ်မကောက်ပါနဲ့တော့နော် နှုတ်ခမ်းကြီးဆူနေရအောင် ကုကုက မမနဲ့စသိတုန်းကလို ငါးနှစ်သားအရွယ်လေးလို့ ကိုယ့်ကိုယ်ကိုယ်ထင်နေတာလားဟင်"
ဟာယွန်း ညနေတည်းက ကားပေါ်မှာတစ်ချိန်လုံးလိုက်ခေါ်နေခဲ့သော်လည်း ဘာမှပြန်မပြောသောကုကုကြောင့် အိမ်ပြန်အမြန်ရေချိုးပြီးတာနဲ့ ကုကုအိမ်ကိုလာကာ ဟာယွန်းကိုအရေးမလုပ်ဘဲ သူ့အခန်းထဲထိုင် ဂိမ်းဆော့နေတာကို ဘေးကနေ တစာစာလိုက်ခေါ်နေရခြင်းဖြစ်သည်။
"မမသိပါတယ် ကုကုကိုကတိပေးထားတာ မမ မတည်တာမမကတကယ်ဆိုးတာပါနော် မမမောင်လေးကအဲ့လိုစိတ်ကောက်နေတော့ မမ မနေတတ်တော့ဘူးလေ ကုလေးနဲ့မမက ကလေးလေးမှမဟုတ်တော့တာ ကုကုနဲ့ပဲမမ ဆော့လို့ရပေမယ့် တခြားသူတွေနဲ့ လူမှူရေးအရစကားပြောရတာမျိုးတစ်ခါတစ်လေရှိမှာပဲလေ ကုကုရယ်"
ထိုအခါဂိမ်းကိုပဲတချိန်လုံးမျက်လုံးမလွှဲဆော့နေတဲ့ကုကုက လက်ထဲကဖုန်းကိုချလိုက်တာ ဟာယွန်းကို မော့ကြည့်လာတော့သည်။
"လူမှူရေးအရ စကားပြောတယ် ဟုတ်လားမ ဒါဆို လူမှူရေးအရ လက်ကိုင်တာမျိုးရောရှိလား ဟင် မ ဖြေလေ"
ကုကုက ကလေးသေးသေးလေးတည်းက တစ်သက်လုံးဟာယွန်းကိုပဲခင်တွယ်လာခဲ့တာမို့ ကုကုတို့တအိမ်လုံးမက ဟာယွန်းတို့အိမ်ကပါ အလိုလိုက်ခံထားရတဲ့ အချစ်တော်အငယ်ဆုံးလေးမို့ ဟာယွန်းသူများနဲ့ခင်မှာကိုလုံးဝမလိုလားမှန်း ဟာယွန်းသိသည်။
တစ်ဦးတည်းသောသမီးလေးဟာယွန်းကလဲ ကုကုကိုသာဆိုဘာမဆိုအလျှော့ပေးအရမ်းချစ်သလို ကုကုမိဘတွေကလဲဟာယွန်းနဲ့သာဆို ကုကုကိုလှည့်ကြည့်စရာပင်မလို နဂိုဘဝကအမွှာတွေများလားဆိုပြီး အရမ်းချစ်ကြတဲ့မောင်နှမတွေဆိုကာပြောနေကြ။
သူ့ကိုပဲချစ်စေချင် သူနဲ့ပဲခင်စေချင် သူနဲ့ပဲစကားပြောစေချင်သည့် ကလေးဆန်တဲ့ကုကုစိတ်ကလေးဟာ ခုမှမဟုတ် ကလေးလေးတည်းက သူ့အမအရင်းလိုအရမ်းချစ်မှန်း ဟာယွန်းသိ၍ အမြဲဒီကလေးကို အလျှော့ပေး သူ့သဘောကျအတိုင်းနေပေးလာတာခုထိ ရည်းစားမပြောနဲ့ သူငယ်ချင်းပင် လက်ငါးချောင်းမပြည့်ခဲ့။
YOU ARE READING
ᴜsᴇʟᴇss ᴘʀᴏᴍɪsᴇ 🍂 [✍︎➪]
Фанфикшнအသုံးမဝင်တော့တဲ့ ကတိ ဆိုတာမျိုးက မတည်နိုင်တဲ့အခါ ယုံခဲ့ရသူတစ်ယောက်ကသာ အရူးဖြစ်သွားစေနိုင်တာမျိုး.......။ ᴊᴜɴɢᴋᴏᴏᴋ×ᴏᴄ sᴛᴀʀᴛᴇᴅ [21.3.2023] ᴇɴᴅᴇᴅ [ 𝐎𝐧 𝐆𝐨𝐢𝐧𝐠 ➪.......➪ #ᴏɴʟʏ ᴍʏ ᴄʀᴇᴀᴛɪᴏɴ ᴀɴᴅ ᴊᴜsᴛ ɪᴍᴀɢɪɴᴀʀʏ #ᴛʜᴇsᴇ ᴘʟᴏᴛs ᴏᴡɴ ʙʏ ᴍᴇ «𝑭𝒊𝒄𝒕𝒊𝒐�...
![ᴜsᴇʟᴇss ᴘʀᴏᴍɪsᴇ 🍂 [✍︎➪]](https://img.wattpad.com/cover/285157322-64-k627239.jpg)