0.1🍂

596 43 11
                                    

[Unicode]

သာယာတဲ့ မနက်ခင်းလေးတစ်ခုမှာ မိသားစုလိုက် အထုတ်အပိုးတွေနဲ့ ကားလေးတစ်စီးကိုမောင်းနှင်လာကာ အိမ်တစ်အိမ်ရှေ့အရောက်မှာတော့ ထိုကားလေးဟာ တိခနဲရပ်တန့်သွားခဲ့သည်။

ထိုမိသားစုရဲ့ အငယ်ဆုံးလေးဟာ ကားပေါ်ကပြေးဆင်းလာကာ တက်ကြွစွာပဲစကားတွေဆိုတော့သည်။

"အာပါး ၊ အိုမား ဒါကုကုတို့နေရမယ့် အိမ်အသစ်လားဟင် ဝါး....အိမ်ကအကြီးကြီးပဲ အထဲမှာကုကုဖို့အခန်း‌ရှိလားဟင်"

စူးစမ်းတတ်တဲ့ကလေးပီပီ အိမ်ထဲမရောက်သေးခင်ကပင် အိမ်ရဲ့အပြင်ပန်းအသွင်အပြင်ကိုကြည့်ကာ တတွတ်တွတ်မေးနေတော့သည်။

"ဒါပေါ့သားလေးရဲ့ သားကြီး ကုလေးကိုလည်းအတူတူခေါ်သွားလေ"

ထိုမိသားစုလေးမှာတော့ အာပါးရယ် ၊ အိုမားရယ် သားလေးနှစ်ယောက်ရယ်ရှိပြီး ညီအကိုနှစ်ယောက်ကတော့ရုပ်ရည်ဆင်ကြတာကလွဲလို့ အကျင့်စရိုက်တွေကတော့ လုံးလုံးမျှမတူကြပါဘူး။

အငယ်လေးဟာ အရမ်းသွက်လက်ပြီး အကြီးလေးကတော့ အလွန်အေးသည်။
ကလေးပေမယ့် သိပ်လည်းမဆော့သလို အငယ်လေးလိုလည်း အိမ်အသစ်ပြောင်းလာရတာကို သိပ်ပြီးစိတ်လှုပ်ရှားမနေပါ။

"ဟုတ်ကဲ့ အိုမား ...! လာ အငယ်လေး ဟျောင်းနဲ့အတူသွားရအောင်! "

အိမ်ထဲအရင်ပြေးဝင်သွားပြီဖြစ်တဲ့ အငယ်လေးနောက်သူ့အကိုလည်းအပြေးလိုက်သွားသည်။

"ယောင်္ကျား ဒီအိတ်ပါယူသွားလေ"

"အေးပါ ကုကုတအားမပြေးနဲ့လေသား"

"ကလေးတွေရေ တခြားတွေကိုလျှောက်မသွားနဲ့နော်"

"အိုမား သားဘယ်သွားရမှာလဲ"

"အိုမား ကုကုအိတ်ရော.....?"

"မိန်းမရေ ပစ္စည်းတွေကို ဒီမှာချထားလိုက်တယ်နော်"

တစ်လအကြာလောက်တည်းက သော့ပိတ်သွားကာပိုင်ရှင်မရှိတော့သည့် ထိုအိမ်ကြီးသည် အခုတော့ အိမ်ပိုင်ရှင်အသစ်တွေ ရောက်လာကြလေပြီမို့ အသံပေါင်းစုံနဲ့ပြန်လည်ဝေဆာလာပြီဖြစ်သည်။

ᴜsᴇʟᴇss ᴘʀᴏᴍɪsᴇ 🍂 [✍︎➪]Where stories live. Discover now