0.4🍂

157 24 7
                                    

[Unicode]

ကျောင်းပြန်ဖွင့်တဲ့နေမို့ ကျောင်းဝန်းထဲမှာရောအပြင်မှာပါ ကလေးတွေနဲ့ ကလေးမိဘတွေ စုစုရုံးရုံးဖြစ်နေကြသည်။

"မမ မမဟာယွန်းလို့"

"အော် ကုကုရောက်လာပြီလား အန်တီဂျွန်တို့ရော"

"အခန်းထဲမှာ ဆရာမနဲ့စကားပြောနေတယ် တီတီနဲ့ဦးဦးတို့ရော"

"မေမေတို့က… ဟော ဟိုမှာပဲ မမလည်းရှာနေတာ ဟိုမှာကုကုမေမေတို့နဲ့ စကားပြော‌နေကြတာပဲ"

"မမ မနက်ဖြန်ကစပြီး ကုကုတို့ ကျောင်းအတူတူသွားရအောင်နော် မနက်က ကုကုကလာခေါ်မလို့ကိုမမတို့က မရှိတော့လို့"

"အင်းပါ နောက်နေ့ကျအတူတူသွားကြမယ်နော်"

"အော် ကုကုကဒီမှာဟာယွန်းနဲ့ပဲ ဟျောင်းကရှာနေတာကို"

"အင်း ဟျောင်းက ကုကိုမခေါ်ပဲ ဟျောင်းသူငယ်ချင်းတွေဆီပဲသွားနေပြီးတော့"

"အမယ် ခဏလေးသွားတာကို ဟာယွန်းနင်နဲ့ငါက အတန်းအတူတူပဲနော်"

"အင်းဟုတ်တယ်"

"ဟော ကလေးတွေကဒီရောက်နေကြတာပဲ ကုလေး မေမေ ဆရာမနဲ့အပ်ခဲ့ပြီ ကျောင်းမှာ လိမ်လိမ်မာမာနေနော် သားကြီးရောပဲ"

"ဟုတ်ကဲ့ပါမေမေ"

"ဟာယွန်းနီးရေ အန်တီ့သားလေးကိုကြည့်ပေးပါအုံးနော် သားလေးကခုမှကျောင်းစတက်တာဆိုတော့ ကုလေးလည်းမမကိုအရမ်းဆိုးမနေနဲ့နော်"

"ကုကုကလိမ်မာပါတယ် အန်တီဂျွန်ရဲ့ မပူနဲ့ ဟာယွန်းနီးကြည့်ပေးထားမယ်‌နော်"

"ကျေးဇူးပါ သမီး‌လေးရေ"

"ကဲ ဟာယွန်းလေးရေ ဒါဆိုမားမားတို့လည်းပြန်ပြီနော် သမီးပါပါးကလည်း အလုပ်သွားရအုံးမှာဆိုတော့ မောင်လေးကိုလည်းအနိုင်ကျင့်မနေနဲ့အုံးနော် ဟာယွန်းနီ"

"အမလေး မပူနဲ့ဟာယွန်းနီးမေမေရေ ညီမတို့ရဲ့ကုကုကသာ တစ်ခါတစ်ခါ ဟာယွန်းလေးကိုဆိုးတာ"

"ကုကုက လိမ်မာပါတယ်မေမေရဲ့"

"ဟုတ်ပ ဖေဖေ့သားလေးကလိမ်မာပါတယ်နော် ဟာယွန်းသမီးရေ ကုကုတို့ညီကိုနှစ်ယောက်က ခုမှပြောင်းလာတာမို့ နည်းနည်းကြည့်ပေးလိုက်ပါအုံးနော်"

ᴜsᴇʟᴇss ᴘʀᴏᴍɪsᴇ 🍂 [✍︎➪]Where stories live. Discover now