0.3🍂

161 20 4
                                    

[Unicode]

"သားလေးရေ ကုကု"

အိပ်ရာထချိန်ရောက်ပြီမို့ ကုကုရဲ့မေမေဂျွန်ဟာ ကုကုရဲ့အခန်းအပြင်ဘက်တံခါးကို ခပ်ဆဆခေါက်ကာ လာနှိုးတော့သည်။

"ကုပေါက်လေး မနိုးသေးဘူးလား ၈ နာရီရှိပြီလေ"

*ဟင်းး~~~*

အိပ်မောကျနေတဲ့ ဟောက်သံပိစိလေးတွေကလွဲလို့ ပြန်ဖြေသံမရလာတာကြောင့် မေမေဂျွန်ဟာ အခန်းတံခါးကိုသာ ဖွင့်ကာ ဝင်လာလိုက်တော့သည်။

အခန်းထဲရောက်တော့ စောင်တွေကိုခြေရင်းအထိကန်ထုတ်ကာ ခြေကားယားလက်ကားယားနဲ့ အိပ်နေတဲ့သားလေးကုကု.....
မေမေဂျွန် လည်းကုတင်အနားကိုလျှောက်သွားလိုက်ကာ

"သားလေး ကုကု ထတော့လေ အိပ်ရာထချိန်ရောက်ပြီလေ"

*ဟင်းး အဟင့်...*

နှိုးလာပုံရတဲ့သားလေးဟာ စူပုတ်ပုတ်နှင့် ဆက်အိပ်ချင်နေပုံရသည်။

"သားလေး မမဟာယွန်းဆီသွားမဆော့ဘူးလား ဟာယွန်းလေးကဆော့ဖို့စောင့်နေလောက်ရောပေါ့ ကုကုရဲ့"

"မေမေ"

အိပ်ချင်မူးတူးအသံသေးသေးလေးနဲ့ စူပုတ်ပုဆ်ပြောလာတဲ့သားလေးဟာ မေမေလို့ခေါ်လာပေမယ့် မျက်လုံးလေးကတော့မဖွင့်သေး။

"အင်းပြောကုကုလေး"

"မမဟာယွန်းရော"

ဟော သားလေးကအိပ်ချင်မူးတူးနဲ့ ဘာတွေပြောနေပြန်ပြီလဲ။

"ဘာကိုမမဟာယွန်းရောလဲ ကုကုလေးရဲ့ မမဟာယွန်းက သူ့အိမ်မှာပေါ့ကုကုရဲ့ ကုကုလေးကထရမှာလေ ထပြီးတော့ မမဆီသွားဆော့ရမှာလေ"

~🍂~

မနက်မိုးလင်းတာနဲ့ ကုကု၏နေ့စဉ်အလုပ်သည် ဟာယွန်းနီးဆီသွားကစားရန် ပြင်ဆင်ခြင်းဖြစ်သည်။

"မေမေရေ ကုကုသွားဆော့တော့မယ်နော်"

"ဟာယွန်းနီးတို့အိမ်ကိုလား သားကြီးရော ကုကု"

"ဟျောင်းက သူ့သူငယ်ချင်းဆီသွားတယ်ဆိုမေမေ"

"အော်အေး ဟုတ်သားပဲ သားလေးကုကုကရော သူငယ်ချင်းရပြီလား"

ᴜsᴇʟᴇss ᴘʀᴏᴍɪsᴇ 🍂 [✍︎➪]Where stories live. Discover now