Ep-1

6.3K 205 7
                                    

Uni 🌷


°°°°°°°°°°°°°°°

တဝုန်းဝုန်းမိုးသံတွေကြား သစ်ရွက်တွေ
ရိုက်ခတ်သံတွေ တဝိုးတဝါး ထွက်ရုံကလွဲလို့
ပတ်ဝန်းကျင်က ပကတိ တိတ်ဆိတ်နေသည်။

မြို့ပြင်နဲ့ မနီးမ‌ေဝးမှာ တာဝန်ကျနေတဲ့
မြို့နယ်ရဲစခန်းအဆောက်အအုံသေးသေးလေး ကလည်း မီးရောင်ဝါကျင့်ကျင့်လေးသာ ထွန်းလင်းလို့

အမိုးအောက်တွင် နေလို့ရပါလျက်နဲ့
မနီးမဝေးက ခုံတန်းအပုလေးပေါ် ထိုင်နေတဲ့
ကောင်ငယ်လေးတစ်ယောက်က မိုးရေတွေစိုရွဲလို့
လမ်းမီးဝါဝါလေးကနေတဆင့်မိုးပေါက်တွေကိုအတိုင်းသား မြင်နေရသည်အား ထိုလူရွယ်
သည် မမြင်ဖူးသူသဖွယ် တစူးတစိုက်ကြည့်လို့ ရေစင်လို့ မျက်လုံးမှေးမှေးလေးတွေဟာလည်း အလိုမကျစွာ မှုန်လို့
ပုခုံးလေးနှစ်ဖက်က မသာမသာ လှုပ်နေသည်

" ဘာလို့မိုးရေထဲ ထွက်ထိုင်နေရပြန်တာလည်း ဝမ်ငယ် "

မျက်စိရှေ့ရောက်လာတဲ့ ခြေတံရှည်တစ်စုံရယ် အလိုမကျသလို ထွက်လာတဲ့စကားခပ်ပြတ်ပြတ်က အေးချမ်းနေတဲ့ မိုးတွေထဲမှာတောင် အနွေးဓာတ်အပြည့်ပေးတယ်

" စကားမပြောတတ်တော့တာတော့ မဟုတ်လောက်ပါဘူးနော် "

တစ်ချက်သာအကြည့် ပို့ပြီး လမ်းမီးသေးသေးလေးကိုအကြည့်ပြန်ပို့တော့ ထီးနက်လေးနဲ့ထိုလူက ဘေးဝင်ထိုင်ရင်းဆိုသည်။
မိုးရေတွေစိုရွဲနေပါပြီးသား အနှီလူသားအား
နောက်ထပ်မိုးစက်တို့ ခိုမနားစေရန် ထီးနက်လေးဟာ သူ့ကိုယ်ပေါ် မိုးရမည့်အစား
ထိုရေတွေစိုရွဲနေစော လူရွယ်ခေါင်းထက်နားတွင်ခိုနားစေသည်။
တစွန်းတစလွတ်လပ်နေသော ပုခုံးထက်၌
မိုးရေတွေဟာ ပျော်ပျော်ပါးပါးဘဲခိုနားလို့

" ဘာလုပ်တာလည်း "

စကားမပြောပါဘဲ လက်နှစ်ဖက်ကို ပူးကာ
ရှေ့တိုးပေးသော လူရွယ်က Sean အတွက် အတော်နားလည်ရခတ်တယ်
သူမေးတော့ မျက်ပေတုံးလေးနဲ့ ပြန်လာကြည့်သည်မှာ ငွေဘော်ရောင်ဆံပင်တို့ဟာလည်း စိုကာ ကပ်နေသဖြင့် အနှီလူရွယ်သည် ကြွက်စုတ်လေး သကဲ့သို ချစ်ဖို့ကောင်းနေပြန်သည် ။

Take Me ..[Complete]Where stories live. Discover now