Ep-12

907 64 4
                                    

Uni 🌷

°°°°°°°°

" Sean ဟိုမှာ မီးပုံးတွေ "

"လာ ဝမ်ငယ် တစ်ခုလောက်ဝယ်ရအောင် "

သူတို့ရောက်နေတာမြို့ထဲကပွဲတော့မဟုတ်ပေ အစွန်းအဖျားလောက်က လူကျဲသော
လမ်းလေးတစ်ခု
မီးပုံး ဖြူဖြူတွေ ချိတ်ထားသော ဆိုင်ငယ်ဟာ ဝမ်ငယ့်ရဲ့ အမြင်အာရုံကိုဖမ်းစားထားပုံ
ရှောင်ကျန့် ဝမ်ငယ့် လက်လေး အသာတွဲလို့ ထိုဆိုင်ငယ် ဆီသွားလိုက်သည်။

" လောင်းပန် မီးပုံးတွေက "

" ဒီမှာ ငါ့တူတို့ ကြိုက်တာ ခြယ်သလို့ရတယ်"

ရှောင်ကျန့်ရဲ့ အဖြူရောင်မီးပုံးတွေကိုကြည့်ကာ ဆိုသော အမေးကြောင့် ဆိုင်ရှင်က သဘောပေါက်ဟန် စုတ်တံနဲ့ မှင်အိုးချပေးကာ ပြောသည်။
ထို့နောက် ဝမ်ငယ်ဟာ ပြုံးလို့ စုတ်တံကို ကောက်ကိုင်လိုက်ပြီးမှမီးပုံးတစ်ခုရွေးကာစဆွဲတော့သည်။

" ဘာတွေများ ဂရုတစိုက် ဆွဲနေသလဲ
ဝမ်ငယ် "

"အော် Seanရယ် ပြီးရင် သိမှာပေါ့ "

မျက်စောင်းဝင့်လို့ ကြည့်လာတဲ့ အကြည့်လှလှတွေကို ခံယူရင်း ရှောင်ကျန့်ကတော့
တဘောတကျဘဲ မျက်စိရှေ့က သိပ်လှနေတဲ့ ကိုယ်လေးကို အမြတ်တနိုးဖြင့် အချစ်ရည်တွေ ဖိတ်လျှံကျနေသော အကြည့်တို့ဖြင့် ကြည့်နေခဲ့သည်။

" ပြီး ပြီ ဟီး Sean အတွက် "

"ကိုယ့်ဖို့ !"

မီးပုံကို လက်နှစ်ဖက်နဲ့ ဆန့်ကာ ‌ပြုံးရင်း ပေးတော့ ရှောင်ကျန့် မှာ ကိုယ့်ကိုယ်ကိုယ်
လက်ညိုးလေးထိုးရင်း တအံ့တဩ
ရိပေါ်ကချစ်စဖွယ် ခေါင်းလေး ငြိမ့်ပြလာလေတော့ ရှောင်ကျန့်မှာ အသံတယားယားနဲ့ မီးပုံးလေး လက်လွဲယူလိုက်သည်။

" ဒီလူကြီးကတော့ အပိုင်ရထားတာတောင် အသားယူ‌ချင်သေးတယ် လောဘကြီးလိုက်တာ !"

"ဟားဟား ချစ်ရသူ မို့ပါဗျာ "

ဝမ်ငယ့် လက်ထဲက မီးပုံးကိုယူရင်း
ထိုလက်ဖြူဖြူသွယ်သွယ်လေးကို ပွတ်ဆွဲကာ ကိုင်လိုက်သောကြောင့် ကောင်လေးက ထပ်မံ မျက်စောင်းဝင့်ရင်းမကျေမချမ်း ဆိုပြန် တော့ ရှောင်ကျန့်က သဘောတကျရယ်နေသေးသည်

Take Me ..[Complete]Where stories live. Discover now