Ep-2

2K 140 3
                                    

Uni 🌷

°°°°°°°°

" ဟင်း~~~"

ခပ်တိုးတိုစ ငြီးငြူသံလေးက
ခပ်သာသာ သာ မှောင်ရိပ်လွမ်းနေသော အခန်းကို ပျံ့လွှင့်သွားသော်လည်း...
ဆုပ်ကိုင်ထားသော လက်ငြိုးလေးကို အနည်းငယ်ခပ်တင်းတင်းသာဆုပ်ကိုင်မိလိုက် ပါသော်ငြားလည်း ထိုအရာသည်
Sean ၏ မျက်ဝန်းတို့ ပွင့်ဟလာဖို့လုံလောက်ခဲ့သည်။

" ဟင်း ....Blue ..."

Sean လက်တစ်ချောင်းကို ခပ်တင်းတင်း
ဆုပ်ကိုင်ရင်း တဟင်းဟင်းငြီးငြူကာ
တမ်းတနေသည်မှာတော့ အသေချာပေါက်
Sean အမည်နာမ မဟုတ်ခဲ့

" ချောက်!!!!"

တစ်ဖက်က စားပွဲပုလေး‌ေပါ်ရှိ
ညမီးအိမ်သေးသေးလေးကို
ဝမ်ငယ့်ပေါ်ကနေ ကိုယ်ကိုင်းကာလှမ်းဖွင့်လိုက်သည်။
ညမီးအိမ်ရှိရက်နဲ့ဘာလို့ မ‌ဖွင့်လည်းမမေးနဲ့
သူက ကောင်လေးဆီက လက်လေးတစ်ချောင်းဖြစ်ဖြစ် ကိုင်ခွင့်ရဖို့ မျှော်လင့်ခဲ့လို့

ပွင့်ဟလိုက်တဲ့ ညမီးအိမ်ငယ်ရဲ့
မီးရောင်ခပ်မှိန်မှိန်အောက်မှာ မြင်လိုက်ရတဲ့
ဝမ်ငယ်မျက်နှာငယ်ဟာ သိပ်တော့ အဆင်ပြေနေဟန် မပေါ်
မျက်ခုံးနှစ်ခု ထိလုမတပ် ကျုံ့ထားသော ဝမ်ငယ်ဟာ နဖူးမှာလည်း ချွေးစက်တို့နဲ့

" ကျစ်!!!!!"

ကိုယ်ပေါ် အုပ်မိုးနေလျက်ဘဲ လက်တစ်ဖက်က နဖူးပေါ် စမ်းမိတော့ ပူကျစ်နေတဲ့ ကိုယ်
ကြောင့် Sean ပေါ့ဆလိုက်မိတဲ့ ကိုယ့်ကို
စုတ်သတ်လိုက်သည်။

" ဝမ်ငယ် !! ဝမ်ငယ် ထစမ်း !!!"

" ဟင့် Blue "

ဟုတ်တယ် ‌Sean က နူးညံ့တတ်တဲ့သူ မဟုတ်ဘူး ဒါပေမယ့် သူက ဝမ်ငယ့် အပေါ်တော့
အနူးညံ့ဆုံးဖြစ်အောင် အမြဲ ပြင်ဆင်ပြီးနေခဲ့ပါတယ် ။

လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ရင်းနိုးတော့
ဝမ်ငယ် ပါးစပ်က ထွက်ကျလာတဲ့ စကားစုကြောင့် Sean ဝမ်ငယ့်ကို ပစ်ချမိလိုက်တော့မယ်ထင် ။ဒါက ဘယ်လိုဝဍ်ကြွေးမျိုးလည်း ဝမ်ငယ် မပြေလည်သေးတဲ့ အငြိုးတွေနဲ့ ကိုယ့်ကို သတ်သတ် နှိပ်စက်နေတာလား ကလေးငယ်ရယ်

Take Me ..[Complete]Where stories live. Discover now