Uni 🌷
°°°°°°
" သခင်မလေး !"
ဘေးအနားကနေ ဘယ်ကပေါ်လာမှန်း မသိတဲ့
ခပ်တောင့်တောင့် လူတစ်ယောက်ကို
Lotus မှာ အသံတိတ် ကျေးဇူးတင်မိသွားသည်။ မဟုတ်ရင် Alora ဟူသော ထို အမျိုးသမီး ၏ အချစ်စကား ခပ်နုနုတွေကြားမှာ သူ့နှလုံးသားလေးက ခံနိုင်ရည် မရှိပေ" ကျစ် ဘာလို့ လိုက်လာ ပြန်တာလည်း "
ကားပေါ် မှီနေရာကနေထလို့ Alora ဟာ စိတ်ပျက်သလို ဆိုကာ ပြောတော့
ထိုလူဟာ ခါးကျိုးမတတ် ငုံ့ထားရင်းကနေ"ဟို သခင်ကြီးက သခင်မလေးကို ခေါ်ခိုင်းလိုက်လို့ပါ "
နှုတ်ခမ်းအနည်းငယ် ဆူသွားသော
Alora အားကြည့်ကာ Lotus က အသာ ပြုံးသည်။ ထို့ေနာက် တစ်ဆက်တည်း
အမျိုးသမီးငယ်အား Alora ဟု ခေါ်သည်မှာ သူ(မ)တစ်ယောက်တည်းသာရှိမှန်း သဘောပေါက်ခဲ့သည်။" Daddy က လည်း ..."
ခပ်ဆူဆူလေး ဆိုသော သူ(မ)ဟာ
လိုချင်တာ မရ၍ စိတ်ကောက်နေသော
ကလေးလေးနှင့်ပင် တူနေသေးသည်။
Lotus ပြုံးကာ သူ(မ)ပုခုံး အသာကိုင်လို့" သွားလေ Alora မ'လည်း ပြန်တော့မယ်".
"ဟို တောင်းပန်ပါတယ် "
"လိုလို့လား ကားကို ဂရုစိုက်မောင်း"
မျက်နှာငယ်နဲ့ တောင်းပန်နေသော
သူ(မ)ဟာ lotus ရဲ့ အပြုံးတွေ မြင်မှ
ပြုံးကာခေါင်းငြိမ့်ပြရင်း ထွက်သွားတော့သည် ။Moon အမည်ရှိတဲ့ အိမ်တော် ခပ်ကြီးကြီးဟာ
မသိရင် နန်းတော်နှင့်ပင် အထင်မှားချင်စရာ
ထို့အပြင် မြို့ထဲ တွင်မက နေရာပေါင်းစုံမှာလည်း Moonlight အမည်ရှိ နာမည်ကြီးဘားဆိုင်ခွဲပေါင်း များစွာက လက်ညိုးထိုမလွဲ" Daddy ကတော့ စိတ်ဓာတ်ဘဲ !"
"ဟက်ဟက် ဒီက အသက်ကြီးနေတဲ့ ဖအေကိုပစ်ထားပြီး ကောင်မလေး ချောချောလေးနဲ့ သာယာနေတဲ့ သမီးတော်က အပြစ်မဟုတ်ဘူးလား ဟမ် "
Alora က အိမ်ထဲ ဝင်ဝင်ခြင်း ဧည့်ခန်းမှာ ထိုင်ကာ wine သောက်နေသော ဖခင်နား ဝင်ထိုင်လို့ wine နီနီအချို့ ငှဲ့ထည့်ရင်း မကျေမချမ်းဆိုတော့ ဖခင်ဆိုသူက တဟားဟားရယ်ရင်း မထိတထိပြန်ပြောသည်။
YOU ARE READING
Take Me ..[Complete]
Fanfictionကျေးဇူးပြုပြီး ကျွန်တော့်ကို လုံခြုံနွေးထွေးတဲ့ အရပ်ဆီ ခေါ်ဆောင်သွားပေးပါ ' Sean ' ကျေးဇူးပြုပြီး ကျွန်တော့်ကို လုံခြုံနွေးထွေးတဲ့ အရပ်ဆီ ခေါ်ဆောင်သွားပေးပါ ' Sean ' Special parts for Blue dandelion . Zsww (Zhanyi fanfic ) Not Yizhan Start date- 24.1...