Uni 🌷
°°°°°°°°°°°
" ဘယ်လိုနေသေးလည်း "
နဖူးလာစမ်းသော လက်အား ရိပေါ်
ခေါင်းငုံ့ကာ ရှောင်လိုက်မိသည်။
Sean က တစ်ချက်သာ ကြည့်ပြီး ရိပေါ်စားဖို့ မနက်စာ ပြင်ပေးနေသည်။" မနက်စောစော စီးစီး ဟော့ပေါ့ စားရပါတယ်လို့ ခင်ဗျားကို ဘယ်သူက ပြောလို့လည်း "
သူစကားကြောင့် တူလေး ကိုင်လို့ ထိုင်နေရာကနေ Sean က ပြူးကြောင်ကြောင်လေး လာကြည့်တော့ ရိပေါ် ရယ်ချင်တာကို မနည်း ထိန်းလိုက်ရသည်။ သူက ဒီတိုင်းဘဲ ပြောလိုက်မိတာပါ
" ရော့ ပူသေးတယ် မှုတ်စား ကိုယ်မှုတ်ပေးရမလား "
"နေနေရတယ် ကိုယ်ဘာသာစားမယ်
လူပမာ ကြလို့ လိုက်လုပ်ပေးနေတာ "Sean ပွစိပွစိ ပြောနေတဲ့ ကောင်လေးကို
အမြတ်တနိုး ထိုင်ကြည့်နေလိုက်သည်။
စပ်လို့ အဆီပြန်နေတဲ့ နှုတ်ခမ်းရဲရဲလေးက
သိပ်ကို လှနေတဲ့အခါ သူ တံတွေးမျိုချမိတာ အခါခါ
ရိပေါ်သည် ကိုယ့်အန္တရယ်ကိုယ် မမြင်သဖွယ် စားစရာသာ အသည်းအသန် စားနေသည်" မစားဘူးလား "
မျက်ခံုး တစ်ဖက် ပင့်ပြရင်း
ပလို့ပလောင်းနဲ့မေးလာတဲ့ အသံက မပီမပြင်
Sean က ခေါင်းခါကာတစ်ရှူး လေးယူရင်
ပါးဖောင်းဖောင်းကြီးတွေပေါ်ပေကျံနေတဲ့ ဆီတွေ သုတ်ပေးတော့ ရိပေါ်သည် ငုတ်တုတ်ကြီးမေ့သွားသလို စားစရာတွေတောင် မဝင်တော့ဘာလား စိုက်ကြည့်နေလို့ မနေတတ်လို့ ပြောလိုက်တာကို ဘာတွေလာလုပ်နေတာလည်း
ဒီလူ့အရူးကတော့ မနေ့ညကလည်း ....ရိပေါ်သည် မနေ့ညက အကြောင်း တွေ့မိသည်နှင့် နားရွက်လေး နှစ်ဖက်မှာ သိသိသာသာဘဲ
နီရဲတတ်လာသည်။
ထိူ့နောက်တွင်တော့ Sean မျက်နှာအားမကြည့်တော့ပါဘဲ ဟော့ပေါ့ကိုသာ အိုးထဲ ခေါင်းဝင်မတတ် စားတော့သည်။
တစ်ကယ်တော့ Seanရဲ့ ဝမ်ငယ်က
ရှက်သွားတာ"အဟွတ် အဟွတ် !"
" ဝမ်ငယ် ဖြည်းဖြည်းစားလေ "
သီးသွားသော ရိပေါ်ကို ရှောင်ကျန့်က ကျောပြင်ကို ခပ်သာသာ ပုတ်ပေးသည်။
ဝမ်ငယ်ဆိုတဲ့ နာမ်စားကြောင့်
ရိပေါ်၏ အတွေးပုံရိပ်တွေထဲ တောင်စဉ်မရတော့ အရာတွေဟာ တစ်စတစ်စ ပေါ်လိုက်ပြောက်လိုက်
YOU ARE READING
Take Me ..[Complete]
Fanfictionကျေးဇူးပြုပြီး ကျွန်တော့်ကို လုံခြုံနွေးထွေးတဲ့ အရပ်ဆီ ခေါ်ဆောင်သွားပေးပါ ' Sean ' ကျေးဇူးပြုပြီး ကျွန်တော့်ကို လုံခြုံနွေးထွေးတဲ့ အရပ်ဆီ ခေါ်ဆောင်သွားပေးပါ ' Sean ' Special parts for Blue dandelion . Zsww (Zhanyi fanfic ) Not Yizhan Start date- 24.1...