Uni 🌷
°°°°°°°°
Peony's season လေးက
ဝမ်ငယ်' မရှိတော့ နှစ်သက်ဖွယ်မကောင်းတော့ဘူး ကလေးငယ်ရယ်...°°°°°°°°°°°
အသွေးအသားတွေထဲ ထိုးဖောက်ဝင်ရောက်ဖို့ကြိုးစားတယ် အမဲရောင်အငွေ့အတန်းတွေကြောင့် ရိပေါ် နာကျင်စွာအံ့ကြိတ်ထားသည်။
ရိပေါ်သည်အမဲရောင်အငွေ့အသက်တွေကြားတွင်လေထဲ မြှောက်လျက်သား
ထိုနဘေးတွင်တော့ သိပ်မုန်းစရာကောင်းအောင် ပြုံးရယ်နေပါသော အကြီအကဲဆိုသူ" အင်း... သေချင်နေတဲ့ ကောင်လေးကို ဆန္ဒဖြည့်စည်းပေးရတာပေါ့ "
ထိုလူ့စကားဆုံးတွင် ရှောင်ကျန့်၏ မျက်နှာဟာ နီရဲတတ်လာပြီး
ဝမ်ငယ့်အနားကို ရောက်အောင် ကြိုးစားသော်လည်း သူ့ကို ထိုမိစ္ဆာတွေဟာ ဖမ်းချုပ်ထားသောကြောင့် သူဟာ ရပ်ကြည့်နေရုံမှအပ"အဟင်း !"
"အား!!"
"ဝမ်ငယ် !!"
ဟင်းခနဲ လှောင်ရယ်သံ အဆုံးတွင်
ထိုအငွေ့အသက် အတန်းတစ်ခုထဲတွင်
ဝမ်ငယ်၏ ရင်ဘက်နေရာမှ အလင်းတန်းလေး ပါသွားသလို ထိုအရာသည်
နတ်မျိုးစေ့ ဆိုတာ ရှောင်ကျန့်သိလိုက်သည်
နာနာကျင်ကျင်အော်လိုက်တဲ့ ဝမ်ငယ့် အသံအဆုံး ရှောင်ကျန့်၏ စိုးရိမ်သံလေးက ကပ်ပါလာသည်။" မလုပ်ပါနဲ့ !!!!!!!"
"အဟက်!!!"
မကောင်းတဲ့လူ လက်ထဲရောက်သွားအစိမ်းရောင် အလင်းလုံးလေးကို အစိုးရိမ်တကြီးကြည့်ကာ တားမိသည်။
မဖြစ်ဘူး အဲ့ဟာ ပျက်စီးသွားလို့မှမရတာလေ
နတ်မျိုးစေ့ထဲမှာ ဝမ်ငယ့်ရဲ့ ဝိဉာဉ်ကိုရော ဓာတ်လုံးအားကောင်းဖို့ တွဲထားထားတာ
အဲ့ဟာသာ ဖျက်စီးခံလိုက်ရရင် ..ရှောင်ကျန့် ထပ်မတွေးရဲတော့သဖွယ်
ချွေးတွေစို့နစ်နေသော မျက်နှာနဲ့
ခေါင်းကို ဘယ်ညာခါရမ်းနေမိသည်
ထိုမြင်ကွင်းကို အကြီးအကဲက အရာသာရှိရှိကြည့်နေပြီး လက်ထဲက အစိမ်းလုံးလေးကိုလေထဲမှာ လှည့်ပတ်နေသည်။" စိတ်မကောင်းစရာဘဲ မင်းတို့ မပေါင်းဖက်နိုင်တော့ဘူး ထင်တယ် အင်း
သိပ်လည်းစိတ်မပူပါနဲ့
မင်းရဲ့လူသားကောင်လေးကို မင်းနဲ့အတူ
အဖော်ထည့်ပေးလိုက်မှာမို့ "
YOU ARE READING
Take Me ..[Complete]
Fanfictionကျေးဇူးပြုပြီး ကျွန်တော့်ကို လုံခြုံနွေးထွေးတဲ့ အရပ်ဆီ ခေါ်ဆောင်သွားပေးပါ ' Sean ' ကျေးဇူးပြုပြီး ကျွန်တော့်ကို လုံခြုံနွေးထွေးတဲ့ အရပ်ဆီ ခေါ်ဆောင်သွားပေးပါ ' Sean ' Special parts for Blue dandelion . Zsww (Zhanyi fanfic ) Not Yizhan Start date- 24.1...