Ep-11

855 65 4
                                    

Uni 🌷

°°°°°°°

" lotus !!"

အံ့ဩတကြီး အနားလာသော ရိပေါ်ကို
သူ(မ)အသာ ပြုံးလိုက်သည်။
ထို့နောက် ရှက်ရယ်လေးဖြင့် ဂုတ်ပွတ်ကာ

" ဟို ဆံပင်တိုနဲ့ မလိုက်လို့လား "

"ဟင့်အင်း မားက ဘယ်လိုနေနေလှပြီးသား "

ဝမ်ငယ့် ခါးထက် လက်တို့ ရစ်နွယ်ရင်း
ရှောင်ကျန့်က ပြီတိတိ ဆိုတော့
Lotus ရဲ့ မျက်စောင်းက ဒိုင်းခနဲ
ဒါကို ရှောင်ကျန့်က ခေါင်းမော့ကာ တဟားဟား ရယ်နေသေး

" Sean ~ဘာလို့ lotus ကို သွားစနေတာလည်း"

" ဟုတ်တယ်လေ ကိုယ့်ကို စောင့်ရှောက်ပေးတယ်ဆိုမှတော့ ကိုယ့်မားမား ဘဲလေ"

ရိပေါ်ကတံတောင်နဲ့ တွက်ကာ ဆိုတော့
ရှောင်ကျန့် ရဲ့ မျက်ခုံး ပင့်ကာ ဆိုလာသော စကားမှာ ရိပေါ်က မနိုင်ဘူး ဟုသော သဘောဖြင့် ခေါင်းရမ်းနေသလို lotus မှာလည်း အေးပါ နင်မှန်ပါတယ် ဆိုပြီး မျက်ဖြူလှန်ပြကာ လက်မထောင်ပြလာသည်။

" Sean ဒီညနေ ဘာရှိလည်း သိလား "

"အင်း ....မီးထွန်း ပွဲရှိတယ်လေ "

ရိပေါ်ရဲ့ အမေးကို
ရှောင်ကျန့်က မေးစေ့ကို လက်နဲ့ အသာ ပွတ်ကာ စဉ်းစားပြီးမှ ဖြေလာတော့ အဖြေမှန်၍
ရိပေါ် ကျေနပ်သွားဟန် ပြုံးလာသည်။
ထို့နောက် ချစ်စရာရုပ်လေးဖြင့်
ရှောင်ကျန့် လက်ကို ကိုင်ကာ

" Sean ~~~~"

"ဗျ ဗျာ ~"

အသံ စွဲ ခေါ်လိုက်တဲ့ ဝမ်ငယ်ကြောင့်
ရှောင်ကျန့် သမာဓိအားက သိပ်ကောင်းတာ
အသံတွေတောင်တုန်လို့
ဒါကို lotus က ဘေးကနေ လက်ပိုက်ကြည့်ရင်း ခိုးရယ်နေသေး

" ကျွန်တော့်ကို လိုက်ပို့မပေးချင်ဘူးလားဟင်"

" ဒါပေါ့ လိုက်ပို့ပေးမှာပေါ့ ဝမ်ငယ့် အတွက်
မီးပုံးလေး တွေလည်း ဝယ်ပေးအုံးမှာ "

ရှောင်ကျန့်ဟာ အူယားစွာ ဝမ်ငယ့်ရဲ့
နှာခေါင်း လုံးလုံးလေးကို အသာ ဆွဲလို့ ဆိုတော့ ရိပေါ့် မျက်လုံးလေးတွေဟာ အရောင်တောက်လာပြီး

Take Me ..[Complete]Where stories live. Discover now