Ep-9

899 71 2
                                    

Uni 🌷

°°°°°°°°

" ဝမ်ငယ် "

‌မျက်လုံးဖွင့်ဖွင့်ချင်း ရင်ခွင်ထဲက လစ်ဟာနေတော့ အလန့်တကြား ဖြစ်သွားပေးမယ့်
ကျောပေးထိုင်နေတဲ့ ကျောပြင်သေးသေးကြောင့် အသာဆိုတော့ ဝမ်ငယ်ဟာ ခေါင်းအနည်းငယ် စောင်းကြည့်လာသည်။

" Sean ကျွန်တော် ရူးသွားတော့မှာလားဟင်"

"...."

ခပ်တိုးတိုး ဆိုလာတဲ့ စကားမှာ ရှုပ်ထွေးနေသော ခံစားချက်တို့ အပြည့် ပင်
ရိပေါ်သည် ညမီးအိမ်ထားရှိရာ စားပွဲတွင်တင်ထားသော ငွေဘော်ရောင်ဆံနွယ်တွေနဲ့ ပြုံးရယ်နေသော ကောင်ငယါလေးအား
ခပ်ထွေထွေလေးငေးကြည့်နေမိသည်။

" အကယ်၍ ကျွန်တော်ကသာ
Sean ချစ်တဲ့ ဝမ်ငယ် မဟုတ်ဘူးဆိုရင်
Sean ခုလိုဘဲ ဆက်ဆံပါအုံးမလား "

" ဝမ်ငယ် ~"

ဓာတ်ပုံကို ပွတ်သတ်နေသော ရိပေါ့် နှုတ်ခမ်းဖူးဖူးလေးဟာ မပြုံးနိုင်ဟန်
သူသည် သိချင်မိသေးသည်။
Sean ဟာ မည်သည့် ဝမ်ငယ်ကို ချစ်ပါသနည်း
သူ့စိတ်တွေ ပုံမှန်မဟုတ်တဲ့အခါ ဝေ့တဝါး အတိတ်က လို စိတိတွေပြန်ဖြစ်သွားတဲ့အခါ လည်း လက်မခံနိုင်ဖြစ်ရသည်

သူသည် ရိပေါ် ဝမ်ရိပေါ်
Sean အဆိုရှိသော ဝမ်ငယ်မဟုတ်ချေ!
အို ရိပေါ်ဟာ ကိုယ့်ကိုယ် ပြန်သဝန်တိုနေခြင်းပါလော ဘယ်လိုတောင်ရယ်စရာကောင်းလိုက်လေခြင်း

" ကိုယ့်အချစ်ရယ် အများကြီး မတွေးတောပါနဲ့ "

"ကျွန်တော်.."

ကျောပြင်လေးကို အသာ ဆွဲကာ ကိုယ်သေးသေး‌လေးကို ရင်ခွင်ထဲ သွင်းရင်း ကျောပြင်လေးခပ်ဖွဖွပွတ်သတ်ကာ ဆိုမိတော့
ဝမ်ငယ်ဟာ ခပ်တိုးတိုး ဆိုလာသည်မှာလည်း
ကျွန်တော်က လွဲလို့ ပြောစရာ ရှိမနေဟန်

ပါးပြင်နှစ်ဖက်ကို အသာထိန်းကိုင်ရင်း
အကြည့်ခြင်းဆုံစေကာ ထိုကောင်လေး
ကြောက်ရွံ့မနေစေရန် ကြိုးစားမိသည်။
ဒီတစ်ခါတော့ဖြင့် ထိုအစိမ်းရောင်ခပ်တောက်တောက် မျက်ဝန်းငယ်တွေ နောက်ထပ်မည်သည့်အခါမှ မှေးမှိန်မသွားအောင် စောင့်ရှောက်ချင်သည်။

Take Me ..[Complete]Where stories live. Discover now