Ep-13 (final)

2.2K 102 0
                                    

Uni 🌷

°°°°°°°°°°

" သူတို့ အတူ ရှိနိုင်လိမ့်မယ်လို့ Sean ထင်လား"

ကြာကန်အောက်ခြေက ‌အရောင်မဲ့နေတဲ့ ကွဲကြေနေတဲ့ ဓာတ်လုံးတစ်ခုနဲ့
ကြာပန်းပုံ ကျောက်ကလစ်လှလှလေးတစ်ခုက ကြိုးနီနီလေးနဲ့ တွဲလို့ မြဲစွာ
ငေးကြည့်နေတုန်း ခါးထက် ရစ်တွယ်လာတဲ့ လာတဲ့ လက်တွေနဲ့ မြတ်နိုးနေကြ ချစ်မဝသော အသံ လေးကြောင့် ရှောင်ကျန့်က အသာပြုံးသည်။

"ဒါပေါ့ အချစ်စစ်ရင် ကံကြမ္မာက အတူရှိခွင့်ပေးမှာပါ ဝမ်ငယ် ဥပမာ ကိုယ်တို့လိုပေါ့ "

ရှောင်ကျန့်သည် ချစ်သူရှိရာ ဘက်လှည့်ရင်း
နှာလုံးလုံးလေးအား အူယားစွာ အသာညစ်ရင်း ဆိုတော့ ရိပေါ်က သွားညီညီလေးတွေပေါ်အောင် ရယ်မောပြလာသည်။

ဓာတ်လုံးပျက်စီးပြီး ဝိဉာဉ် ဖျက်စီးခံလိုက်ရတဲ့
နတ်ဖုရားတွေနဲ့ မိစ္တာတွေဟာ ဘယ်ဘဝမှာမှ ပြန်ဝင်စားခွင့် မရှိတော့ဘူးဆိုတာ
ဝမ်ငယ်ရော ရှောင်ကျန့်ရော နားလည်သော်ငြား ...

ထိုနေ့က မျက်ရည်တွေနဲ့ ဓာတ်လုံး အပိုင်းအစတွေကို အသည်းအသန် လိုက်ကောက်နေရှာသော Alora ရဲ့ပုံရိပ်ငယ်ဟာ ရှောင်ကျန့် မျက်စိထဲက ထွက်မသွား အဲ့အရာက lotus သူ(မ) အမရဲ့ ဓာတ်လုံးအပိုင်းအစတွေ ကို လိုက်စုစည်းနေခဲ့တုန်းကနဲ့ သိပ်တူနေခဲ့လို့

မိစ္ဆာတွေ စိတ်နာသွားတဲ့ Aloraဟာ
မိစ္ဆာ သုတ်သင်သူ ဖြစ်သွားပြီး နောက်တော့လည်း လူသား မျိုးနွယ်တွေရဲ့ အဆုံးသတ် အတိုင်း ဆုံးပါးသွားတာတော့ပါဘဲ
ကြာ ကလစ်လေးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားတဲ့ သူ(မ)ဟာ သနားစရာကောင်းတဲ့
အချစ်ရူးမလေး အဟင်း ရှောင်ကျန့်လိုပေါ့

Aloraဟာ ဝမ်ငယ့်ကို မခွင့်လွှတ်နိုင်ခဲ့ဘူး
သူ(မ)ဟာ နေ့ရက်တိုင်း အချိန်တိုင်းမှာ
ဝမ်ငယ့်ကို အသည်းအသန် လိုက်ရှာခဲ့တယ်
သို့သော် ရှောင်ကျန့်ဟာ တွေ့ခွင့်မပေးခဲ့
Lotusဟာ ဝမ်ငယ့်ကြောင့် ဖြစ်သွားတာမှန်ပေမယ့် ရှောင်ကျန့် အတွက်တော့ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သူ့ရဲ့ ရပ်တည်မှုက ထာဝရ ဝမ်ငယ်ရှိရာ အရပ်မှာဘဲ

Take Me ..[Complete]Where stories live. Discover now