1❤

848 22 15
                                    


ကျတော်နဲ့ကိုကိုအိမ်ထောင်သက်တမ်း
၄နှစ်ပြည့်ခဲ့ပြီဖြစ်သည်။
ထို၄နှစ်လုံးအတွင်းကိုကိုကသူ့အပေါ်
အရမ်း​ကောင်း​ခဲ့သည်။
ဘာတခုမှမလစ်ဟင်းစေရ
လိုချင်တာအကုန်ဖြည့်စည်း​ပေးတတ်သည်။
ကိုကိုရဲ့အချစ်​တွေကသူ့ကိုကမ္ဘာ​ပေါ်မှာ
ကံအ​ကောင်းဆုံးလူဖြစ်​စေခဲ့သည်။
အခုဆိုသူတို့မှာသားလေးတစ်ယောက်
ရှိလာ​ပြီ။
1 year Anni တုန်းကကိုကို့အမေကသူတို့
ကိုကလေးမွေးစားဖို့ပြောလာသည်။
သူတို့လဲလက်ခံကာမိသားစုနဲ့အတူ
ဂေဟာကကလေးတွေကိုအလျှူလုပ်ရန်
(​အေးချမ်း)ဆိုတဲ့ဂေဟာ​လေးကို​ရောက်လာ
ကြသည်။
အလျှူလုပ်ရင်းက​လေးများကိုအကဲခတ်ကြသည်။
ကလေးများထဲမှာနှုးညံတဲ့မျက်ဝန်း​ပိုင်ရှင်
က​လေး​လေးကိုသူ့အကြည့်မလွှဲဘဲအကြား​ကြီး
​ငေးကြည့်​နေမိသည်။
ကိုကိုကသတိထားမိသွားသည်ထင်သည်။
ထိုက​လေးအားသူ့ထံသို့​ခေါ်လာခဲ့သည်။

"သားနာမည်ကဘယ်လို​ခေါ်လဲ"
ကိုကိုက​မေးလိုက်သည်။

"သားမသိဘူး"က​လေး​လေးအသံကတုန်ရီ​နေသည်။
သူ့ရဲ့မျက်ဝန်း​တေထဲမှလဲ​ကြောက်ရွ့ံမှု၊အားငယ်မှု
များအားလည်း​တွေ့​နေရသည်။

သူကလေးလေးရှေ့မှာထိုင်ချလိုက်ပြီး
ကလေးလေးရဲ့လက်များကိုဆုပ်ကိုင်ကာ

"ဒီနေ့ကစပြီးသားရဲ့နာမည်ကမိုးသက်ကြွေဖြစ်
သွားပြီဖေဖေတို့ကသားကိုမွေးစားမယ် ​ဖေ​ဖေတို့နဲ့​နေရင်သား​ပျော်ရမှာပါ"
ကလေးလေးကိုပွေ့ဖက်လိုက်တော့
ကလေးလေးကလဲသူ့ရဲ့လက်သေးသေးလေးတွေနဲ့
ပြန်ဖက်လာသည်။
ဒီမြင်ကွင်းကသူများတွေအတွက်
တကယ်​နွေး​ထွေးတဲ့မြင်ကွင်း​လေးဖြစ်မှာပါ။
ကိုကိုကလဲပြုံးကာ​နေသည်။

"ကိုကို ကလေး​လေးကို​မွေးစားကြရ​အောင်​နော်"

"(ခ)​တောင်းဆိုတာကိုယ်ဘယ်တုန်းကငြင်းဖူးတယ်ရှိလဲ
(ခ)သ​ဘော"
ကိုကိုကနှုးညံစွာပြုံးကာသူနှင့်က​လေး​လေးကို​ပွေ့ဖက်လာသည်။
ထို့နောက်ဂေဟာမှူးတွေကို
​ပြောပြကာက​လေး​လေးကိုအိမ်​ခေါ်လာကြသည်။

____________________________________

ကဗျာကသူ့စကားသူတည်ခဲ့ပါသည်။
သူ့မှာချစ်သူရှိလာတော့သူ့ချစ်သူနဲ့အိမ်လာတိုင်း
တ​နေ့တမျ်ုးမရုိးရ​အောင် Roပြပါ​တော့သည်။
မိဘ​တွေ​ရှေ့မှာငြိမ်သ​လောက်သူ့နဲ့(ခ)ရှေ့မှာ​တော့
ဟင်း..........
တကယ်ကို(ခ)နဲ့သူနဲ့နေစရာမရှိအောင်ဖြစ်ရပါသည်။
အခု​တော့သူတို့လက်ထပ်လိုက်ပြီ။
သူ့တို့သား​လေး​တောင်၃နှစ်ရှိ​နေပြီဖြစ်သည်။
သား​လေးနဲ့ဆိုရင်၃နှစ်ကွာသည်။
မိုးကဗျာကသူ့ယော်ကျာ်းနဲ့တခြားအိမ်မှာ
​နေကြသည်။
တစ်လသုံးခါလောက်တော့သူတို့မိသားစု
လာလည်​ကြပါသည်။
ကဗျာ့ရဲ့သားလေးကမင်းကမ္ဘာနိုင်တဲ့
နာမည်အတိုင်းပဲကဗျာ့သားလေးက
အမြဲရုပ်တည်နေပြီးစူးရဲတဲ့မျက်ဝန်းတစုံကိုလည်း
ပိုင်ဆိုင်​ထား​သေးသည်။
သူ့မိဘတေကလွှဲရင်ဘယ်သူ့ကိုမှလူမထင်သည့်ရုပ်
ဒါပေမဲ့ကမ္ဘာကသူ့ရဲ့သားကိုတော့
တချိန်လုံးကပ်ချွဲ​နေတတ်သည်။
ဘာပဲဖြစ်ဖြစ်သူ့တူကမ္ဘာကို​တော့သူချစ်ပါသည်။
ကမ္ဘာမှာ့သူသိတိထားမိတာကအဲ့ဒီစူး​ရှ​တဲ့
မျက်ဝန်း​တွေကိုဖြစ်သည်။
ပြီးတော့သူလိုချင်တာကိုမရရအောင်
ယူ​တတ်တဲ့​စိတ် အဲ့ဒီ​အရာ​ကို​ပိုင်ဆိုင်
ရဖို့အတွက်ဘယ်နည်းလမ်းကိုမဆို
သူသုံးနိုင်သည်။
ကြီးလာတာနဲ့အမျှသူ့ရဲ့အကျင့်တွေက
ပိုမို​ထင်ရှား​လာ​ပါသည်။
သူ့တူအပေါ်သူဘယ်တုန်းကမှမငြိုငြင်ခဲ့
သူ့ညီမရဲ့သားကလည်းသူ့သားပဲလေ
(ခ)ဆိုရင်ကမ္ဘာ့ကို​တော်​တော်ချစ်သည်။
ကမ္ဘာ​ကတော့​သူ့​သားကို
​တော်​တော်ကပ်သည်။

_________________________________

love is you (Complete)Where stories live. Discover now