အိပ်လို့မရတော့တာကြောင့်
ကမ္ဘာထိုင်ခုံမှာပဲထိုင်နေကာ
ညကအိမ်မက်အကြောင်းမရမက
ပြန်စဥ်းစားနေသည်။အိမ်မက်ထဲမှာတွေ့လိုက်ရတဲ့လူက
သက်ရဲ့ဖေဖေခသက်ကြွေ။
သက်ရဲ့ဖေဖေနဲ့သူ့အကြောင်း
အိမ်မက်မက်ခြင်းဖြစ်သည်။
သူကကိုယ့်ကိုကိုယ်သတ်သေလိုက်သည်တဲ့။
သက်ရဲ့ဖေဖေကသူ့ကိုကိုစစ်လို့
ခေါ်သည်တဲ့။
ကြားထဲမှာပြောခဲ့ကြတဲ့စကားတွေကို
ပြန်စဥ်းစားလေခေါင်းကပိုကိုက်လေ
ဖြစ်သောကြောင့်စိတ်တိုတိုနဲ့ခေါင်းက
ဆံပင်တွေကိုဆွဲဖွပစ်သည်။
သူကဘာလို့ကိုစစ်ဖြစ်ရတာလဲ
အဲ့လူကဘာလို့သူဖြစ်နေရတာလဲ။
ဖြစ်ချင်တော့လဲအဲ့ဒီကိုစစ်ဆိုသူနဲ့
သက်ရဲ့ဖေဖေရယ် ၊သက်ဖေဖေက
ခေါ်လိုက်တဲ့ကိုစစ်ဆိုတာပဲမှတ်မိသည်။
အဲ့ကိစ္စကတကယ်ဖြစ်ခဲ့သလို
ဘာလို့ရင်းနှီးနေပါလိမ့်။
ဒီနေ့တော့သက်ဖေဖေဆီသွားရတော့မည်။
သက်ကဆိုင်ရှိတော့အိမ်မှာရှိမှာမဟုတ်။အဲ့နောက်ပိုင်းလဲဘာမှမသိတော့
သူလန့်ကာအိပ်ရာထဲမှာထမိခြင်းကြောင့်
အကျီဗလာနဲ့ပြတင်းပေါက်ရှေ့မှာထိုင်နေခဲ့
ခြင်းကဘယ်လောက်ကြာပြီမသိ
မေမေလာခေါ်တော့မှပဲသူ့အတွေးတွေကို
လက်စသတ်လိုက်သည်။"သားကမ္ဘာ ဒေါက်ဒေါက်"
သူပြန်မထူးပဲတံခါးသွားဖွင့်လိုက်သည်။"သား မျက်ကွင်းတွေလဲညိုလို့ပါလား
ညအိပ်မပျော်လို့လား ဟမ်မျက်နှာလဲမကောင်းဘူး
အသားတွေကလဲအေးစက်နေတာပဲသားရယ်"
မေမေကစိုးရိမ်တကြီးရွတ်ဆိုကာသူ့နဖူးကိုလာစမ်းသည်။"ကိုယ်လဲမပူပါဘူး "
"ကျတော်ခေါင်းကိုက်တယ်မေမေ"
"ခေါင်းကိုက်တယ် ဟုတ်လား နေဦးအမေဆေးသွားယူလိုက်ဦးမယ်"
သူတံခါးဝမှာပဲရပ်နေမိသည်။
"ဟဲ့သား ဘာလို့ဒီမှာရပ်နေတာတုန်း
လာလာဆေးသောက်မယ်""သား ဘာဖြစ်လို့လဲမေမေ့ကိုပြောလေ"
"ကိုစစ်ဆိုတာဘယ်သူလဲမေမေ"
မေမေကဦးလေးမိုးတို့နဲ့အကြာကြီးနေလာတာကြောင့်သိမလားအထင်နဲ့မေးမိသည်။
သို့သော်
YOU ARE READING
love is you (Complete)
Cerita Pendekအချစ်၌ကျရှုံခြင်းseason2ပါရှင့် (မင်းကမ္ဘာနိုင် + မိုးသက်ကြွေ)