ဆောင်းဝင်စလေအေးအေးကြောင့်သူညက
ပြတင်းပေါက်မပိတ်ခဲ့သည်ကိုသတိရသည်။
Hoodieသုံးလေးထည်ပါလာသော
ကြောင့်တော်သေးသည်ပြောရမည်။
ရန်ကုန်မှာဆိုမနက်၉နာရီလောက်
နေပူထဲထွက်မိရင်လူတကိုယ်လုံးညော်နံထွက်သွား
မှာအမှန်ပင်။
ပြင်ဦးလွင်မှာကတော့မနက်၉နာရီလောက်
ထိနေပူဆာလှုံလို့ကောင်းတုန်း။
ဒီနေ့သူပြင်ဦးလွင်ရောက်တာသုံးရက်
မြောက်နေ့။
ဗိုက်ကဆာလာပီဖြစ်တာကြောင့်
အနီးအနားကရှမ်းခေါက်ဆွဲဆိုင်ဝင်လိုက်သည်။
ခေါက်ဆွဲဖက်လေးကလော်လိုက်
တို့ဟူးကျော်ကျွပ်ကျွပ်လေးဝါးလိုက်နဲ့
ခံစားချက်ကကောင်းကင်ပေါ်ရောက်နေသလိုပင်။
ပိုက်ဆံရှင်းတော့လည်း၁၀၀၀ဝန်းကျင်လောက်သာ
ကြသည်။
အသားမပါတဲ့ရှမ်းခေါက်ဆွဲကတစ်ပွဲ၆၀၀တဲ့
တိုးဟူးကျော်က၂၀၀ဆိုတော့၈၀၀တဲ့။
ဘယ်လောက်တောင်မှစျေးချိုလိုက်သလဲ။
ဟုတ်တော့ဟုတ်နေပီ။
မြင်းလှည်းတစ်စီးငှားပြီး
မြို့လယ်သို့သွားသည်။
ဆွယ်တာဆိုင်၊လက်ဖက်ရည်ဆိုင်၊စားသောက်ဆိုင်
တွေနဲ့အစုံပဲ။
ပြင်ဦးလွင်ရောက်တုန်း
အိန္ဒိယရုိးရာမုန့်လဒူးနှင့်ဂျလေဘီကိုသူတော်တော်
ကြိုက်သွားသည်။
မြို့လယ်ရောက်တုန်းရောက်ခိုက်နာရီစင်နားမှာ
ဓါတ်ပုံရုိက်လိုက်သည်။
ရုိက်ပေးတဲ့ကောင်လေးကလည်းသဘောကောင်းသည်။
မုန့်ဖိုး၅ထောင်ပေးလိုက်တော့လူကိုကျေးဇူးတင်သွား
တာအခါခါ။
ဟိုပတ်ဒီပတ်နှင့်၄နာရီလောက်ကျတော့သူ
Hotelပြန်လာလိုက်သည်။
ညကျရင်တရုတ်ဘုံကျောင်းရှေ့က
ညစျေးတန်းသွားဦးမည်။
ကမ္ဘာနဲ့သာဆိုရင်ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ။ဖုန်းဝင်လာတာနဲ့နာမည်ကြည့်လိုက်ရာ
ဖေဖေ့ဆီက"သား ဟိုမှာအဆင်ပြေရဲ့လား"
"ပြေတာထက်ကိုပိုတယ်ဖေဖေရာ ဒီကလူတွေကသဘောကောင်းကြတယ်
ရှမ်းခေါက်ဆွဲတွေကလည်းရှယ်ပဲ ခနနေညစျေးတန်းသွားမလို့""ရောက်တာဖြင့်သုံးရက်ပဲရှိသေးတယ်အားလုံးသိနေပီလား"
"ဖေဖေတို့နဲ့လာရရင်တော်တော်ပျော်စရာကောင်းမှာပဲလို့သားတွေးနေတာ"

YOU ARE READING
love is you (Complete)
Short Storyအချစ်၌ကျရှုံခြင်းseason2ပါရှင့် (မင်းကမ္ဘာနိုင် + မိုးသက်ကြွေ)