7❤

313 11 2
                                        

နှစ်ပတ်တောင်ရှိခဲ့ပြီ။
သူတို့နှစ်ယောက်ပြုံးပြရုံတောင်မတတ်နိုင်ခဲ့။
ကမ္ဘာကဆိုင်ကိုမလာတော့သလို
သူကလည်းကမ္ဘာ့ကိုသွားမ​တွေ့ခဲ့။
ကမ္ဘာ့ကိုမတွေးမိအောင်
တနေ့လုံးဆိုင်မှာပဲအချိန်ကုန်ဖြစ်သည်။
​ကောင်တာမှာမထိုင်​တော့ဘဲ
စားဖိုဆောင်ထဲသွားကာကိုယ်တိုင်မုန့်လုပ်ဖြစ်သည်။
သူ့ရဲ့ခံစားချက်များအားလုံးကို
ကိတ်မုန့်ပေါ်တွင်ပုံချခဲ့သည်။
အဓိပါယ်ဖော်ရခက်သောကိတ်မုန့်ဒီဇိုင်း
များကိုဝယ်ယူသူ​တွေကလဲအ​မြောက်အများ။
ရစ်က​တော့သူ့ဆိုင်ကိုလာပါသည်။
Projectတစ်ခုရှိတယ်ဆို​တော့သူလဲဘယ်အားမလဲ။
သူနဲ့ရစ်နဲ့ဆိုရင်ရစ်ကပဲစကားစရသည်။
ကြာ​တော့လည်းဒီ​ကောင်​လေးကိုအားနာလာသည်။
အလုပ်လုပ်​နေတာ​တောင်အာရုံ​တွေကလွင့်ပျံ
​နေသည်။
သူ့ပုံ​ဖော်ထားတဲ့ကိတ်​လေးကိုကြည့်ကာပြန်​အံ့သြ
​နေရသည်။
ကိတ်တခုလုံးကိုအနက်​ရောင်သုတ်ထားသည်။
ကိတ်မုန့်အလယ်မှာလက်​နေ​သောပုလဲလုံး​သေး​သေး​လေး။

"ပြန်​တော့မ​လို့လား "

"အလုပ်ထဲစိတ်မပါ​တော့ဘူး"

အခုမှ၅နာရီပဲရှိ​သေးသည်။
သူအိမ်ကိုပြန်​ရောက်​နေပီဖြစ်သည်။

"သား ​စောလိုက်ချီလား"

"သားဒီတ​လောအဆင်မ​ပြေဘူး"
ခံစားချက်တွေကိုတယောက်ထဲမြိုသိပ်ကာ
ကြိတ်ခံစားချင်ပေမဲ့လည်း။
​ဖေ​ဖေ့ကိုမြင်လိုက်ရရင်​တွေးထားသမျှ
များဟာတစစီကလေးလေးတစ်ယောက်လို
ဖက်ပြီးငိုချပစ်လိုက်ချင်သည်။

"ဖေဖေ သိပါတယ် "

​ဖေ​ဖေကသူ့ကိုဖက်၍​ပြောလိုက်ခြင်းဖြစ်သည်။

"​ဖေ​ဖေ"
သူမထိန်းထားနိုင်တော့ဖေဖေ့ကိုပြန်ဖက်ကာ
​ဖေ​ဖေ့ပခုံး​ပေါ်မှာပဲငိုချပစ်လိုက်သည်။

"သားရဲ့စိတ်ကိုအနားပေးပါဦး သားrelaxလုပ်ဖို့လို​နေပီ ပြင်ဦးလွင်မြို့လေးကတစ်ကယ်အေးချမ်းတာ
သားရဲ့ အဲ့​ကိုသွား​ပြီးသေချာ​အနားယူ​လိုက်နော်
စိတ်အေးအေးထားနိုင်ရင်သင့်လျော်တဲ့အဖြေတခုသားရပါလိမ့်မယ် ဖေဖေသားကိုယုံတယ် ကိုယ့်နှလုံးသားကိုမညာနဲ့​သား  ဒီကကိစ္စ​တွေအားလုံးကိုဖေဖေတာဝန်ယူတယ် ​ရော့ဖုန်း ဒီထဲမှာ​ဖေ​ဖေ့နံပါတ်ပဲရှိတယ်"

သူ​ဖေ​ဖေ​ပြောသလိုပဲပြင်ဦးလွင်သွားဖို့ပြင်ဆင်​နေသည်။
ကားလက်မှတ်လဲ​ဖေ​ဖေပဲဖြတ်​ပေးသည်။
သူကအဝတ်​တွေထည့်ပီးထိုင်​နေယုံပဲ။
ဖေဖေပေးထားတဲ့ဖုန်းလေးထဲကိုသူအကြိုက်ဆုံး
သီချင်း​လေး​တွေ​ဒေါင်းထည့်​နေသည်။

"သားကားက ၅နာရီ​တဲ့ "

လက်ကနာရီကိုကြည့်လိုက်​တော့၄နာရီ​၁​၀
မိနစ်

"​ဖေ​ဖေလိုက်ပို့ရဦးမလား"

"ရတယ်​ဖေဖေ သားတစ်​ယောက်ပဲသွားလိုက်မယ်"

ဘာလိုလိုနဲ့အချိန်တွေက၅နာရီနီးလာပီ။
အောက်မှာမထိုင်ချင်တော့တာနဲ့ကားပေါ်
တက်​စောင့်​နေလိုက်သည်။
​ဖေ​ဖေ့ကိုလဲဖုန်းဆက်ပီးသွားပီ။
အခု​တောင်ကမ္ဘာ့ကိုလွမ်း​နေပီ။

ကားကြီးကအရှိန်မှန်မှန်နဲ့အဝေးပြေး
လမ်းမကြီး​ပေါ်မှာ
Double takeသီချင်း​လေးကိုထပ်ကာထပ်ကာနား​ထောင်ကာကားကြီးထဲမှာလိုပ်ပါလာခဲ့သည်။

love is you (Complete)Where stories live. Discover now