ကမ္ဘာကမနေ့ညကတည်းက
သူ့ကိုအဆက်အသွယ်မလုပ်
ခါတိုင်းဆိုတညတည်းကိုသုံး
ခါလောက်ဖုန်းခေါ်တတ်သူက
အခုတော့ပျောက်ချင်းမလှပျောက်နေသည်။
ဖေဖေ့ကိုမေးကြည့်တော့သူဒီကို
လာသွားတယ်တဲ့ခုနကလေးတင်ပြန်သွားတာတဲ့
သူခေါင်းကိုက်နေတယ်လို့လဲပြောသေးသည်။
ကမ္ဘာကသူ့ကိုရှောင်နေတာလား
ခေါင်းကိုက်နေတယ်ဆိုတော့ဖုန်းလေးဘာလေး
ဆက်လိုက်ပါ့မယ်။ဖုန်းကတခါတည်းနဲ့
ဝင်သွားလို့ကံကောင်းတယ်ပြောရမယ်။"ကမ္ဘာ"
သူအကြားချင်ဆုံးနှုးညံ့တဲ့ခေါ်သံလေး
ကမ္ဘာပြုံးမိသွားသည်။"မင်းခေါင်းကိုက်နေတယ်ဆို နေမကောင်းဘူးလား"
"ဟုတ်တယ်ဒီနေ့တနေ့လုံးခေါင်းကတော်တော်ဒုက္ခပေးနေတာ"
"ဆေးခန်းလေးဘာလေးသွားလေ"
"မသွားချင်ပါဘူးဗျာခနနေပျောက်သွားလိမ့်မယ်"
"မနက်ဖြန်ငါ့ဆိုင်ကိုလာမှာလား"
"လာခဲ့မယ်လေမိတ်ဆက်ပေးစရာတစ်ယောက်ရှိတယ်"
"အေအေ အဲ့ဒါဆိုဒါပဲလေနော်မနက်ဖြန်တွေ့မယ်"
ကျသွားသောဖုန်းလေးကိုကိုင်ရင်းကမ္ဘာတစ်ယောက်ထဲပြုံးနေခဲ့သည်။သူနယူးဝေကိုဖုန်းဆက်ရဦးမှာပဲ
"ဟယ်လို နယူး ငါ့ကိုတခုလောက်ကူညီပေး"
"အေအေကျေးဇူး"ရစ်ကလဲကျောင်းရောက်တိုင်းသက်အကြောင်းပဲ
တချိန်လုံးပြောနေတော့တာရစ်အပေါ်မှာ
အကြွေးရှိခဲ့ဖူးတော့ရစ်ကထိုနည်းနဲ့ပြန်ဆပ်ဖို့
ပြောသည်။သက်ကကောဘယ်လိုလာမလဲ
ဒီကိစ္စတွေကြားထဲကိုနယူးကိုဆွဲသွင်းမိပြီ။
တစ်ယောက်ထဲထိုင်ကာအတွေးများကိုနယ်ချဲ့စေသည်။_______________________________________
မိုးသက်ကြွေစောစောထကာပြင်ဆင်စရာများပြင်ဆင်နေသည်။
တချို့မုန့်တွေကိုအိမ်မှာပဲလုပ်လိုက်သည်။
အားလုံးပြီးစီးသွားသည့်အချိန်မှာတော့
၇နာရီခွဲနေပြီ။၈နာရီဆိုဆိုင်ရောက်နေမှဖြစ်မည်။
ဒီအချိန်ဆိုကမ္ဘာအိပ်နေအုံးမှာပဲ
ဖုန်းဆက်မနိှုးချင်တာကြောင့်သူတစ်ယောက်
ထဲဆိုင်ထွက်လာခဲ့သည်။

YOU ARE READING
love is you (Complete)
Short Storyအချစ်၌ကျရှုံခြင်းseason2ပါရှင့် (မင်းကမ္ဘာနိုင် + မိုးသက်ကြွေ)