" သက်ရေ! သက်! သက်ရေ!!!"
မနက်စောစီးခြံရှေ့လာအော်နေသော
ကမ္ဘာကြောင့်မိုးသက်ကြွေနိုးနေပေမဲ့ပေကပ်ကာ
ပြန်အိပ်နေသည်။
ဒီအိမ်ကိုသူဝင်ချင်တိုင်းဝင်နေတာပဲ
မသိရင်သူ့ကိုအိမ်အနားမကပ်ခိုင်းသလို"တကယ့်ကောင်"
စောင်ကိုခေါင်းမှီးခြုံကာပြန်အိပ်နေလိုက်သည်။"ဒေါက် ဒေါက် သားရေနိုးနေပီလား"
"လာပီဖေဖေ"အပေါ်အကျီကောက်စွပ်ကာ
တခါးသွားဖွင့်ရသည်။"သားရယ် ကမ္ဘာလေးကိုသွားတွေ့လိုက်ပါ သူအဲ့မှာရပ်နေတာကြာနေပြီ သားတို့ရန်ဖြစ်ထားကြတာလား"
"မဖြစ်ပါဘူးဖေဖေရယ် သူအိမ်ထဲဝင်လာလို့ရတာပဲ
ဘာလို့အဲ့မှာပဲအော်နေလဲမသိဘူး""ကမ္ဘာ့အကြောင်းလဲသိရဲ့သားနဲ့ သွားတွေ့လိုက်နော်"
"ဟုတ်"
ဖေဖေ့စကားကြောင့်သူမျက်နှာအမြန်သစ်ပြီး
ကမ္ဘာ့ကိုသွားတွေ့ရသည်။"သက်ဗျာ ကြားရဲ့သားနဲ့ ဒီမှာလည်ချောင်းတောင်နာနေပြီ"
"ကောင်းတယ်သေပါသေသွားရမှာ"
"သက်ကိုမရမချင်းမသေဘူးစိတ်ချ"
"ဘာပြောတယ်!!"
"ကဲတက်ဗျာ မုန့်သွားစားမယ်"
မိုးသက်ကြွေကအနောက်မှကမ္ဘာ့ကိုဖက်ထားသည်။
ကမ္ဘာကတော့အပြုံးကြီးပြုံးလျက်။ဆိုင်ရောက်တော့ထုံးစံအတိုင်းနှစ်ယောက်လုံး
ကော်ဖီမှာကြသည်။
ကော်ဖီကိုမွှေနေတုန်းသူတို့နားကောင်
လေးတစ်ယောက်ရောက်လာသည်။"ဟယ်လို ကိုကမ္ဘာ"
အသံလာရာနှစ်ယောက်လုံးကြည့်လိုက်ကြတော့
ကောင်လေးတစ်ယောက်
ကောင်လေးကတော်တော်ချစ်ဖို့ကောင်းသည်။
ပါးလေးနှစ်ဖက်ကလဲသွေးရောင်လွှမ်းလျက်
ဖြူနုနေတဲ့အသားအရေကြောင့်ထိုကောင်
လေးကိုနှစ်ယောက်လုံးကြည့်နေကြသည်။
ကမ္ဘာကချောင်းတစ်ချက်ဟန့်လိုက်တော့မှ
မိုးသက်ကြွေလဲအသိပြန်ဝင်သွားကာ
ကော်ဖီကိုသာငုံ့သောက်နေလိုက်သည်။

YOU ARE READING
love is you (Complete)
Short Storyအချစ်၌ကျရှုံခြင်းseason2ပါရှင့် (မင်းကမ္ဘာနိုင် + မိုးသက်ကြွေ)