10 ❤(end)

454 12 7
                                    

" ဖေဖေ "

"သား​ပြန်လာ​ပီလား ​ဖေ​ဖေကို​တောင်မ​ပြောဘူး"

"ဟဲ ဟဲ "

"အော် ဖေဖေသိ​ပီ သားအခုသွား​တွေ့​တော့မှာလား"
သူကမ္ဘာ့ကိုတွေ့ချင်လို့ပြန်လာတယ်ဆိုတာ
​ပြောပြစရာမလိုပင်။​ဖေ​ဖေကအကုန်သိသည်ဖြစ်သည်။

"မတွေ့​သေးဘူးဖေဖေ သားရှင်းစရာရှိ​သေးတယ်"

" သား​ကိစ္စတွေ​ဖေဖေ ဝင်​မပါ​ဘူး ငါ့သားလေးအကောင်းဆုံးလုပ်နိုင်မယ်ဆိုတာ​ဖေ​ဖေယုံတယ်"

ဖေဖေကသူ့ခေါင်းကဆံပင်များကိုလက်နဲ့
သပ်​ပေးကာ​ပြော​နေခြင်းဖြစ်သည်။

"ချစ်တယ် ဖေဖေ"

"ဖေဖေ ​ရော"

သားအဖနှစ်ယောက်ရဲ့မြင်ကွင်းက
တကယ်​နွေး​ထွေးသည်။

ရစ်ကိုသူတို့နှစ်ယောက်တည်းတွေ့ဖို့
တိတ်ဆိတ်တဲ့​နေရာ​လေးကို​ခေါ်ထားသည်။
ဖုန်းထဲကရစ်အသံက​တော်​တော်​ပျော်​နေပုံ​ပေါက်သည်။
အရင်ချိန်းဆိုထား​သောသူသည်​နောက်ကျ
ရောက်ရင်မကောင်းသောကြောင့်
အတွေးများကိုလက်စသတ်ကာရစ်ဆီသွား
လိုက်သည်။

"ကို​သက် ​ရောက်​နေတာကြာပီလား"

ရစ်ပုံစံကလိုချင်တာရလို့ပျော်နေတဲ့
က​လေး​ပေါက်စပုံစံဖြစ်​နေသည်။
အသားဖြူသူမို့မျက်ကွင်းနဲနဲပဲညိုနေတာတောင်
သိသာ​သည်။

"ရစ် မျက်ကွင်း​တွေလဲညိုလို့ပါလား"

"ဟုတ်တယ် ကျတော်တို့အတန်းခေါင်းဆောင်က
Projectတစ်ခုကိုကျတော်ကို့တာဝန်ပေးထားတာ
ဆရာမကိုတင်ပြဖို့နှစ်ရက်အလိုလောက်ကျတော့
အဲ့projectမဟုတ်ဘူး​ဒီဟာ​ဆိုတော့ အိပ်​ရေးပျက်သွားလို့"

​အော်လူ​တွေများ​နော်။
ဒီ​ကောင်​လေးဒီလိုပုံစံဖြစ်​နေ​တော့သူ့စိတ်ထဲ
မ​ကောင်းပင်။ပြီး​တော့လည်းလမ်းခွဲစကား​ပြောရဦးမည်။
ရက်တွေဘာတွေနောက်ထပ်မရွှေ့ချင်တော့
ချစ်ရသူနဲ့အတူ​နေနိုင်ရန်သူပြတ်သားမှရမည်။

"အကို မင်းကိုတခု​ပြောမလို့"

"ပြော  ​လေကိုသက်"

love is you (Complete)Where stories live. Discover now