8❤

262 12 3
                                    

ခံစားချက်​တွေကိုဘီယာနဲ့​မျောချလာရတဲ့ရက်​တွေများလား​တော့သည်။
အိမ်မှာဆိုရင်မေမေတို့နှင့်တိုးနိုင်တာကြောင့်
ဘားသွားကာတ​နေကုန်အချိန်ဖြုန်းဖြစ်သည်။
ဦးလေးမိုးရဲ့တူလို့ပြောလိုက်တာနဲ့
ဘားကကလေးတွေတယောက်မှမလုှပ်ရဲတော့။
ဦး​လေးမိုးကိုမသိသူကမရှိသ​လောက်။
သူကစလိုက်လို့ဘားကကောင်တစ်ကောင်နဲ့
ရန်ဖြစ်သည်ပဲထားလိုက်တော့။သူကစလိုက်ပေမဲ့
အဲ့တာဟို​ကောင့်အမှားပဲ။
ဘားကကောင်မလေးတွေနဲ့ပွတ်သီးပွတ်သပ်
လုပ်​ပေမဲ့အိပ်ရာထဲ​တော့မ​ရောက်။
သူ့ကိုယ်သူ​တော့​စောင့်ထိန်းနိုင်ပါ​သေးသည်။
တခါတလေသက်ကိုပြေးတွေ့ချင်လိုက်ပေမဲ့
သူရစ်နဲ့​ပျော်​နေမလား။
ကျောင်းလဲမသွားဖြစ်တာကြောင့်
ရစ်ကိုလဲမ​တွေ့မိ။
ဒီနေ့ကနယူးရဲ့မွေးနေ့မို့လို့
သူသိပ်​သောက်လို့မရ။
သူ့ကျောင်းကသူငယ်ချင်းတွေကပါလာဦးမှာဆိုတော့
​စောက်ဇယားကရှုပ်ဦးမည်။
သူငယ်ချင်းမလေးမျက်နှာထောက်ကာ
​မွေး​နေ့ပွဲသွားဖို့ပြင်လိုက်သည်။

"ကမ္ဘာ နင်​လာ​တယ်နော် ငါကမလာတော့ဘူးထင်နေတာ "

"နင့်ကြောင့်ငါလာတာနော် နင့်သူငယ်ချင်း​တွေနဲ့မိတ်ဆက်​ပေးဖို့​တော့မကြံနဲ့"

"အဲ့ကောင်မတွေကိုစိတ်ထဲမထားနဲ့ သူတို့ကအဆင်မြင်ရင်အဲ့လိုပဲ"

နယူးစကားကြောင့်ဟိုကောင်မလေးတွေဝိုင်းကို
လှမ်းရူိးလိုက်​တော့။
သူ့ကိုပဲဝိုင်းကြည့်​နေကြတာအခုပဲဝါးစား​တော့မဲ့ရုပ်​တွေနဲ့သူ့ကိုကြည့်​တာ ငါ့ကို​ကြည့်​တာနဲ့
စကား​များ​နေကြတာ အိနြေ္ဒဆိုတာသိပုံမရ
အဲ့လိုဟာ​တွေဆိုသူအမြင်ကပ်သည်။
သူတို့နဲ့သူ့သူငယ်ချင်းမလေးက
ဘာမှ​ကိုမ​ဆိုင်​။

"ကမ္ဘာ အ​ခြေအ​နေ"

"ဒီလိုပါပဲ"

"ငါရစ်နဲ့စကားပြောကြည့်တယ်သိလား
ကိုသက်နဲ့သူနဲ့အ​ခြေအ​နေကဒီတိုင်းပဲတဲ့ဘာမှမ​ပြောင်းလဲဘူးလို့​ပြောတာပဲ  သူကအခုprojectတစ်ခုရှိ​နေ​တော့ကိုသက်ကိုသွားမ​တွေ့နိုင်​သေးဘူးတဲ့"
"အော်  ပြော​သေးတယ်သူ​ဖုန်းဆက်​လိုက်​တိုင်း
ကိုသက်ကဆိုင်မှာဆိုတာချည်းပဲတဲ့ ဖုန်း​တွေဘာ​တွေဆိုတာကလည်းသူကပဲ စဆက်ရတာတဲ့​နော်"
"သူ​ပြော​ပုံက​အရ​ဆို နင့်​ရဲ့​သက်က ရစ်ကိုတကယ်မကြိုက်သလိုပဲ​နော်"

"သက်ကအလုပ်များနေလို့နေမှာပါဟာ သူက​အလုပ်​လုပ်ရင် သူ​ဘေးမှာအာရုံသွား​နောက်ရင်မကြိုက်ဘူးဟ သွားကူပေးရင်တောင်မကြိုက်ဘူး"

"ဒါပေမဲ့​ဟာ သူမ​စရင်နင်စ​ပေါ့ဟ  နင်တို့နှစ်​ယောက်ကြည့်ရတာငါစိတ်မချမ်းသာပါဘူးဟာ"

"မသိ​တော့ဘူး​ဟာ......."

သူ​ရှေ့ကဝိုင်ခွက်ကိုတကြိုက်တည်းနဲ့​မော့ပစ်လိုက်သည်။

"ဘီယာ​တွေဘာ​တွေမရှိဘူးလား"

"ဟဲ့ ဒီမှာနင့်ကိုဆွဲစားချင်တဲ့သူ​တွေကြီးပဲ​နော်သတိလဲထားဦး"

"ဟား ဟား ငါ့ရဲ့first timeကငါချစ်ရတဲ့သူအတွက်ပဲ"

"အလုပ်နဲ့သက်​သေပြ​လေ"

"နင်​စောင့်ကြည့်​နေပါ"

"​စောင့်​တော်မူလျက်ပါရှင်"

ထို့နောက်နှစ်ယောက်လုံးရယ်မောကာစကားဆက်ပြောဖြစ်​ကြသည်။

love is you (Complete)Where stories live. Discover now