အပိုင်း ၉

520 67 1
                                    

"သစ်သီးလေး, ငါပြောတာသတိရရဲ့လား? "

တန်ဂို သက်သောင့်သက်သာရှိလွန်းတဲ့ ကားထဲမှာ ပျင်းရိစွာနဲ့ ထိုင်နေတယ်။
သူမကို မိတ်ကပ်ပြင်ပေးတဲ့သူကပြင်ပေးနေပြီး ဆံပင်ပြင်ပေးတဲ့သူက ပြင်ပေးနေတယ်။

သူမကိုအခုမေးလိုက်တဲ့သူကတော့ သူမရဲ့အေးဂျင့် ယုယု ဖြစ်တယ်။ သူမကအသက်သုံးဆယ်ဝန်းကျင်ရှိပြီ ဖြစ်တယ်။

အရည်အချင်းရှိတဲ့စီနီယာအေးဂျင့်,မိတ်ကပ်ပညာရှင်, hair designer နဲ့ သူမရဲ့အရူပ်ကိစ္စတွေကိုလုပ်ပေးရန် လက်ထောက်နှစ်ယောက်ရှိတဲ့အတွက်ကြောင့် တန်ဂိုရဲ့အနေအထားက လူများရဲ့အာရုံခံမှုကိုရရှိနိုင်ပြီး အထင်ကြီးလောက်တဲ့ ပုံစံမျိုးဖြစ်တယ်။

လန်ရုရဲ့နောက်ခံရှိတာကြောင့် သူမအစမ်းရွေးချယ်မှုကို သွားစရာမလိုဘဲ သူမတစ်ခါတည်း ပြိုင်ပွဲကို စဝင်နိုင်ခဲ့တယ်။
ဒီမှာ သူမလိုမျိုးလူတွေ အများကြီးရှိ သေးတယ်။ဒါပေမယ့် ဘယ်သူ့မှ အထင်ကြီးလောက်တဲ့ပုံစံမျိုးနဲ့ သူမလိုမလာဘူး။

"အဲ့ဒီ့ ကားထဲမှာဘယ်သူလဲ?သူမကပြိုင်ပွဲကိုဆုံးဖြတ်ပေးမယ့် နာမည်ကြီးအဆိုတော်လား?"

ပြိုင်ပွဲရဲ့အပြင်မှာ စောင့်နေတဲ့လူတွေအများကြီးရှိသေးတယ်။ တန်ဂိုရဲ့ ကားကလူတိုင်းရဲ့ အာရုံကိုဖမ်းစားနိုင်တယ်။

"ငါမကြားဖူးဘူး"

"ဟဲ့,ကြည့် အဲဒိကား လာနေပြီ"

"အံအားသင့်စရာ တစ်ခုခုရှိနေမလား?"
တန်ဂိုကားပေါ်မှ ဆင်းလာတဲ့အချိန်မှာ သူမလူတွေတီတိိုးပြောနေတာကို ကြားခဲ့ရတယ်။ဒါပေမယ့် သူမအသံတွေကိုဂရုမစိုက်ဘဲ နေရာတစ်ခုကိုငေးကြည့်လိုက်တယ်။

သူမကြည့်မိလိုက်တဲ့အချိန်မှာ လန်ဇီကကားတံခါးကို သေသေချာချာဖွင့်လိုက်ပြီး ချောမောလှပတဲ့မိန်းမနဲ့အတူ ကားပေါ်မှ ဆင်းလာခဲ့တယ်။ သူက ထိုမိန်းမကို ရတနာတစ်ခုကို စိုးရိမ်နေတဲ့ပုံစံမျိုးနဲ့ ဖက်ကိုင်ထားတယ်။

"ဝိုး....သူမအရမ်းလှတာဘဲ။ သူမက အဆိုတော်လား?ငါသူမကို မတွေ့ဖူးဘူး"

အရံဇာတ်ကောင်၏ ပြန်လည်ခုခံခြင်း (Myanmar Translation )Where stories live. Discover now