အပိုင်း ၄

628 85 0
                                    

ဆောင်ချန်မှာရှိတဲ့လူတိုင်း သူမရဲ့သီချင်းသံကြောင့် ယစ်မှူးနေတဲ့အချိန်မှာ သီချင်းသံကရုတ်တရက် ရပ်သွားတဲ့အတွက်ကြောင့် လူတိုင်းအိပ်မက်မှနိုးထလာသလို နိုးထလာကြတယ်။

သီချင်းကတစ်ဝက်ဘဲဆိုရသေးတယ်။ဒါပေမယ့် တန်ဂို သီချင်းကိုရုတ်တရက်ရပ်လိုက်တယ်။အကောင်းဆုံးးအပိုင်းကမဆိုရသေးဘူး။လူတိုင်းသူမကို နားမလည်တဲ့ပုံစံနဲ့ကြည့်လိုက်တယ်။

"မိန်းကလေး?"

ဂီတာသမားလေးလဲ သူမသီချင်းဆိုတာရပ်တော့သူလဲရပ်လိုက်တာ်။ဒါပေမယ့် သူလည်းသူမဘာကြောင့် ရပ်လိုက်တယ်ဆိုတာ နားမလည်ဘူး။

တန်ဂိုမိုက်ကိုကိုင်ပြီး အနည်းငယ်ချောင်းဆိုးလိုက်တယ်။"လည်ချောင်းက အနည်းငယ်နာနေလို့ တစ်ဝက်က မဆိုတော့ဘူး။ကျေးဇူးတင်ပါတယ်။"

ဂီတာသမားလေးတန်ဂိုကိုကြည့်ပြီးသူမ နောက်ထပ်သီချင်းတစ်ပုဒ်သီဆိုဖို့ မျှော်လင့်နေတယ်။သို့သော် တန်ဂိုကstage ပေါ်မှာဆင်းပြီးနေပြီ။

တခြားလူတွေသူမကိုရှာဖို့သတိရတဲ့အချိန်မှာ သူမကိုရှာလို့မတွေ့တော့ဘူး။

သီချင်းကရုတ်တရက်ရပ်သွားတဲ့အတွက်ကြောင့် လက်ရန်းမှာရှိတဲ့ယောကျာ်းကမျက်မှောင်ကြုတ်သွားတယ်။ ရေးမွှေးနံ့ကိုရတဲ့အချိန်မှာ သူမျက်လုံးဖွင့်လိုက်တယ်။

သူက သူ့ရှေ့မှာရပ်နေတဲ့ ဝိုင်ခွက်ကိုကိုင်ထားတဲ့လှပတဲ့မိန့်းကလေးကိုကြည့်လိုက်တယ်။ထိုမိန်းမကသူ့ကိုချွဲပစ်တဲ့အသံနဲ့"သခင်လန် ကျွန်မခုနကဆိုတဲ့သီချင်းမပြီးသေးဘူး။သခင်လန် ဆက်နားထောင်ချင်လား?။"

"သခင်လန်အပြင်မှာနားထောင်ရတာကြိုက်ရင် ကျွန်မအပြင်မှာဆိုပေးမယ်"လို့ပြောပြီးဝိုင်ခွက်ကိုယောကျာ်းဆီပေးလိုက်တယ်"ကျွန်မရှင့်ရဲ့ဝိုင်ခွက်ယူလာတယ်။"

ထိုယောကျာ်းက ထိုမိန်းမကိုသူမကျောအေးပြီးခြေထောက်ပျော့လာတဲ့အထိကြည့်လိုက်တယ်။ သူမမရပ်နိုင်တဲ့ပုံစံကိုမြင်တော့ သူလှောင်မဲ့မဲ့လိုက်တယ်။

သူဝိုင်ခွက်ကိုယူပြီး ညင်သာစွာညှစ်လိုက်တယ်။ဝိုင်ခွက်က ကွဲသွားတယ်။ပြီးတော့အနီရောင်အရည်တွေဟာ သူ့ရဲ့လက်ဖဝါးမှ စီးကျလာတယ်။ထိုမိန်းမကကြောက်ပြီး သူမမျက်နှာဖြူဖက်ဖြူလျော်ဖြစ်သွားတယ်။

အရံဇာတ်ကောင်၏ ပြန်လည်ခုခံခြင်း (Myanmar Translation )Where stories live. Discover now