အပိုင်း ၂

752 98 1
                                    

တန်ဂိုလန်ဇီထံ ဘောပင်ကိုပြန်ပေးပြီး ချက်လက်လက်မှတ်မှမှင်ကို ခြောက်အောင် လေနဲ့မှုတ်လိုက်တယ်။
တန်ဂိုသူ့လက်ဆောင်ကို လက်ခံလို့ လန်ဇီစိတ်သက်သာသွားတယ်။တန်ဂိုဒီနေ့မူမမှန်ပေမယ့် သူ့လုပ်ရပ်ကိုပြန်စဥ်းစားပြီး တန်ဂိုကိုထိခိုက်မိတဲ့အတွက်ကြောင့် သူ့ကိုယ်သူဘဲအပြစ်တင်နေမိတယ်။
သူတန်ဂိုကိုလုကျိရဲ့ အစားထိုးအနေနဲ့ သတ်မှတ်ခဲ့တယ်။ဒါဟာတကယ်ဘဲ သူမကိုထိခိုက်စေတယ်။

"တန်ဂို ကိုယ်စိတ်မကောင်းပါဘူး။မင်းနောင်တစ်ချိန်မှာ အကူအညီလိုရင် ကိုယ့်ကိုခေါ်လို့ရပါတယ်။"

တန်ဂိုချက်လက်မှတ်ကို စားပွဲပေါ်ချလိုက်ပြီး မ​​ပြောခင် နောက်ထပ်လက်ဖက်ရည် တစ်ငုံကို သောက်လိုက်တယ်။"ဘယ်အချိန်ဖြစ်ဖြစ်လား?"

"ဟုတ်တယ်"

"ဒါဆို... နင်နဲ့နင့်ရည်စားချစ်နေတဲ့အချိန်ဆိုရင်ရော ရလား?"

လန်ဇီ". ....."ရှောင်ဂို ရူးသွားပြီလား?
တကယ်တော့တန်ဂိုဒီမေးခွန်းရဲ့ အဖြေကို ဂရုမစိုက်ပါဘူး။ချက်လက်မှတ်ကိုမြှောက်လိုက်ပြီး "ဘယ်အချိန်ဖြစ်ဖြစ် ထုတ်လို့ရလား?"

"ရတယ်"

တန်ဂိုရဲ့စကားအတွက်တော့ သူမသူ့ကိုအရမ်းချစ်လွန်းလို ဒီလိုဖြစ်နေတာလို့ တွေးပြီး အ​ပြစ်မတင်ရက်ဘဲ
ခွင့်လွှတ်လိုက်တယ်။သူမရဲ့မေးခွန်းကိုပြန်ဖြေပြီးနောက် ချက်လက်မှတ်ပေါ်မှာရှိတဲ့ ငွေပမာဏကိုတွေ့လိုက်တဲ့အခါမှာ သူ့ရဲ့ခန္ဓာကိုယ် တောင့်သွားတယ်။

"ရှောင်ဂိုမင်းဘယ်လောက်ဖြည့်လိုက်တာလဲ?"လန်ဇီတုန်လှုပ်စွာမေးလိုက်တယ်။

သူ တန်ဂိုကိုနားလည်သလောက်တော့သူမဒေါသအရမ်းထွက်နေရင်တောင်သူမ ငွေပိုက်ဆံသန်းအနည်ငယ်လောက်ဘဲတောင်းမှာ။ဒါပေမယ့်သူ ငွေပမာဏသန်း၅၀ကိုကြည့်ပြီး မူးလဲချင်သွားတယ်။

သူမသေချာစွာနဲ့မေးလိုက်တယ် "သန်း၅၀လါး?"
"ဟုတ်တယ်"လို့တန်ဂို ဖြေလိုက်တယ်။"နင်ငါ့ကိုဖြည့်ချင်သလောက်ဖြည့်လိုပြောတယ်မဟုတ်ဘူးလား?။နင်ငါ့ကို နစ်နာကြေးပေးမယ်ဆို?။ဘာလို့ဒီပမာဏလောက်လေးကို များတယ်လို့ထင်နေတာလဲ?"တန်ဂိုမျက်မှောက်ကြုတ်လိုက်ပြီး "နင်မတတ်နိုင်ဘူးလား?"

အရံဇာတ်ကောင်၏ ပြန်လည်ခုခံခြင်း (Myanmar Translation )Where stories live. Discover now