အပိုင်း ၇

474 69 0
                                    


လန်ဇီကလန်ရုကိုစကားပြောရင်း သူ့အတွက်မနက်စာကိုပြင်ဆင်ရန် အစေခံကို ပြောလိုက်တယ်။သူကညအိပ်ဝတ်စုံဝတ်ထားတဲ့မိန်းမကို ထမင်းစားခန်းမှာ တွေ့တော့သူမအံ့သြပါဘူး။

သူ့အဖေက မိန်းမတွေကိုဗီလာသို့ ခေါ်လာလေ့ရှိတယ်။ဒါပေမယ့် သုံးရက်လောက်နေရင် ပျောက်သွားတတ်ကြတယ်။

အချိန်အကြာဆုံးနေတဲ့မိန်းမက သူမှတ်မိသလောက်တော့ လဝက်လောက်ဘဲထင်တယ်။

"ဒီနေ့ ဘာလို့ပြန်လာတာလဲ?"

လန်ရုရဲ့အသံကြောင် လန်ဇီသေသေချာချာထိုင်လိုက်တယ်။သူကလန်ရုကိုနည်းနည်းတော့ကြောက်တယ်။ သူ့ကိုမွေးစားကတည်းက လန်ရုကသူ့ကို တင်း​​​ကြ​ပ်ထားတာ ကြောက်စရာကောင်းတယ်လေ။

ဒါ့အပြင် သူ့အဖေကမိန်းမတွေကို ဗီလာသို့ခေါ်လာလေ့ရှိတယ်။လန်ဇီခန့်မှန်းရင် သူ့အဖေကအပျော်ဘဲကစားပြီး ထိုမိန်းမတွေကို ကိုယ်ဝန်ရခွင့်မပေးဘူးထင်တယ်။
လန်ဇီရဲ့စိတ်ထဲမှာတော့ သူ့အဖေက ရက်စက်တဲ့သူမျိုးဘဲ။

သူ့ကိုမွေးစားတာက ဆက်ခံသူလိုချင်လို့သက်သက်ဘဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။

"အဖေ, ကျွန်တော်..."

လန်ရုကသူ့ကို ကြည့်လိုက်ပြီး
"ပိုက်ဆံလိုလို့ပြန်လာတာလား?"

"ဘယ်လောက်လဲ"

လန်ဇီကသူနဲ့မဝေးတဲ့ မိန်းမနဲ့စာချုပ်ကိုကြည့်လိုက်ပြီး ဒီမိန်းမတစ်ခုခုလိုချင်လိုလာတာဖြစ်ရမယ်။
ပြီးတော့သူမကညအိပ်ဝတ်စုံကိုဝတ်ထားတုန်းဆိုတော့ သူစဥ်းစားစရာမလိုဘူး။ညကဒီဗီလာထဲမှာ ခပ်မိုက်မိုက်ညကိုဖြတ်သန်းခဲ့ပုံဘဲ။

လန်ဇီကညကပြန်မလာတာ သူကံကောင်းတယ်လို့ထင်တယ်။
"ဒီစာချုပ်မှာ ဘာပြသာနာမှမရှိဘူး ။ကျွန်မလက်မှတ်ထိုးပြီးပြီ။"

လန်ဇီကသူငွေဘယ်လောက်လိုချင်လဲဆိုတာ ပြောတော့မယ့်အချိန်တွင်
ထိုမိန်းမရဲ့အသံကို ရုတ်တရပ်ကြားလိုက်ရသောအခါ ခဏမျှတွေဝေသွားတယ်။

တန်ဂိုကိုသူတွေ့တဲ့အခါ သူအရမ်းတုန်လှုပ်သွားပြီး ရှောင်ဂိုမင်းဘာလို့ဒီမှာရှိနေတာလဲလို့ မေးချင်ခဲ့တယ်။သူသူမရဲ့စူးရှတဲ့အကြည့်ကို တွေလိုက်တဲ့အခါ သူပြောမယ့်စကားတွေဟာ လည်ချောင်းမှာဆို့သွားခဲ့တယ်။

အရံဇာတ်ကောင်၏ ပြန်လည်ခုခံခြင်း (Myanmar Translation )Where stories live. Discover now