အပိုင်း ၈

506 70 1
                                    

"ဒီနေ့မင်းနားလို့ရတယ်။ဘယ်ကိုမှမသွားနဲ့။ကိုယ်ဒီနေ့စောစောပြန်လာမယ်။လိုအပ်ရင် တစ်ယောက်ယောက်ကို မင်းကိုခေါ်ဖို့ လွှတ်လိုက်မယ်။"

လန်ရုကတန်ဂိုကိုမှာစရာရှိတာမှာပြီး ရုံးသုံးလက်ဆွဲအိတ်ကိုကိုင်၍ ထွက်သွားတယ်။

လန်ဇီကျက်သီးထသွားတယ်။ဒီညစောစောပြန်လာမှာလား?လိုအပ်ရင်ခေါ်ဖို့ တစ်ယောက်ယောက်လွှတ်မယ်တဲ့လား?

ဒါဆို ရှောင်ဂိုကတကယ်ဘဲ သူ့အဖေရဲ့မိန်းမပေါ့?

သူ Nebula Music ဆိုတဲ့စာချုပ်ကို ကြည့်လိုက်တယ်။

ရှောင်ဂိုသူ့အဖေကိုNebula Musicမှာ
စာချုပ်ချုပ်ဖို့ပြောခဲ့တာလား။လိုအပ်ရင်တောင် ခေါ်လို့ရတဲ့ပုံစံမျိုးလား?

လန်ဇီသူ့ရဲ့ ဆံပင်ကို နာကျင်စွာပွတ်လိုက်တယ်။
"ရှောင်ဂို မင်းအပြစ်တင်ချင်ရင်တောင် ကိုယ့်ကိုဘဲ အပြစ်တင်ပါ။မင်းကိုမင်းရက်စက်စရာမလိုပါဘူး။"

တန်ဂို". ....."

တန်ဂိုသူမရဲ့နွားနို့ကို ေသာက်လိုက်ပြီး သူ့ကိုသတိပေးလိုက်တယ်

"ရှင်ပိုက်ဆံရပြီဆိုတော့ ကျွန်မကိုပြန်ပေးသင့်ပြီမလား။ရှင်ကျွန်မကို သန်း၂၀ အကြွေးတင်နေသေးတယ်လေ။"

"သစ်သီးလေး..."

တန်ဂို ချက်လက်မှတ်ကို​ မေးငှော့ပြလိုက်ပြီး "ရှင်ကျွန်မကို အကြွေးပြန်ဆပ်ချင်ပြီလား?"

လန်ဇီအနည်းငယ်ဝမ်းနည်းသွားတယ်။
ချက်လက်မှတ်ကို သူမရှေ့တွန်းလိုက်ပြီး "ဒါကမင်းအတွက်"လို့ပြောခဲ့တယ်။

"ရှောင်ဂို မင်းဘာကြောင့်ဒီလိုလုပ်ရတာလဲ။ "လန်ဇီ စိတ်မကောင်းစွာပြောလိုက်တယ်။ "လမ်းခွဲတာက မင်းကိုထိခိုက်စေခဲ့တယ်ဆိုရင် မင်းကိုယ့်ဆီလာပြီး မင်းလုပ်ချင်သလိုလုပ်လို့ရတယ်။ ဘာကြောင့်အရမ်းရက်စက်ရတာလဲ။ ကိုယ့်ကိုယ်ကို ပစ္စည်းတစ်ခုလိုရောင်းနေတာ"

တန်ဂိုချက်လက်မှတ်ကိုကိုင်ပြီး သူပြောတဲ့စကားကို ကြားလိုက်သောအခါ သူမသူ့ကိုကြည့်လိုက်ပြီး "ရှင်ကျွန်မရဲ့ ဘယ်လိုလက်စားချေမှုမျိုး မဆုိ လက်ခံနိုင်လား?"

အရံဇာတ်ကောင်၏ ပြန်လည်ခုခံခြင်း (Myanmar Translation )Where stories live. Discover now