အပိုင်း ၁၀

766 92 6
                                    

''ထူးဆန်းလိုက်တာ'' တန်ဂို သူမရဲ့နဖူးကို ပွတ်သက်လိုက်ပြီး စဉ်းစားနေတဲ့ပုံစံနဲ့ သူမရဲ့ခေါင်းကို ခါလိုက်တယ်။ ''
အစ်မ ကျွန်မတို့တစ်ယောက်နဲ့တစ်ယောက် မတွေ့ဘူးကြတဲ့ပုံပဲနော်''

အစ်မ ကျွန်မတို့ မတွေ့ဘူးကြတဲ့ပုံဘဲ။

ဒီစာကြောင်းက လုကျိကိုအရမ်း ‌‌ဒေါသထွက်စေတယ်။

သူမကတကယ် တန်ဂိုထက်အသက်ကြီးတယ်။တန်ဂိုက၁၉နှစ်ဖြစ်ပြီး သူမက၂၁နှစ်ဖြစ်တဲ့အတွက် သူမကတန်ဂိုထက် အသက် ၂နှစ် ပိုကြီးတယ်။

''ရှောင်ဂို မင်းကိုယ့်ကို မုန်းတယ်ဆိုရင်တောင် ကျိကျိကမင်းအပေါ်ဘာအမှားမှမလုပ်ထားဘူး ။ မင်းစကားကောင်းကောင်းပြောလို့မရဘူးလား?''တန်ဂိုမနေ့ကပြဿနာရှာခဲ့တဲ့အတွက်ကြောင့် သူကျိကျိစိတ်ဖြေဖို့အတွက် အချိန်အကြာကြီးဖြေရှင်းလိုက်ရတယ်။

''ရှောင်ဂို ကိုယ်မင်းနဲ့စကားပြောချင်တယ်။ဒီနေ့ ကိုယ်တို့ကိစ္စကို ရှင်းရှင်းလင်းလင်း အပြီးသက်ရမယ်ထင်တယ်'' လို့လန်ဇီက စိတ်မထိန်းနိုင်တော့ဘဲ ပြောလိုက်တယ်။ "အရာအားလုံးဖြစ်ခဲ့တာကိုယ်အမှားပါ။ မင်းမှာကိကိရဲ့အရိပ် ရှိတာကြောင့် ကိုယ်မင်းနဲ့တွဲခဲ့တယ်။အခု ကိကိပြန်လာပြီ။ကိုယ်တို့လည်း လမ်းခွဲပြီးသွားပြီ။နောက်ဆုံး ကိုယ်ပြောချင်တာက ကိုယ်တို့ ဒီလိုဆက်သွားနေလို့မရဘူးဆိုတာဘဲ။"

''နောက်ပြီးတော့ ကိုယ်မင်းကို လမ်းခွဲစားရိတ်လည်း ပေးပြီးသွားပြီ။ကျေးဇူးပြုပြီးတော့ ကိုယ်နဲ့ကိကိရဲံ ဆက်ဆံရေးကို မဖျက်ဆီးပါနဲ့တော့''

တန်ဂိုကသူပြောတာကို စိတ်မဝင်စားပါဘူး။ဒါပေမယ့်လည်း "နဂါးအစစ်က မီးကိုမကြောက်ဘူး။နင်တို့တာတကယ် ချစ်ရင် ငါ့ကိုအနှောက်အယှက် အနေနဲ့ကြောက်နေစရာမလိုဘူး"

"မိန်းကလေးတန် ရှင်ဒီလိုဘဲ ကျွန်မတို့ကို တိုက်ခိုက်နေတော့မှာလား?"လုကျိက လန်ဇီပြောတာကိုအစက မယုံခဲ့ဘူး။အခုတော့သူယုံရတော့မယ်။"ကျွန်မရှင့်ကို အကြံပေးချင်တာက သူတစ်ပါးရဲ့ဆက်ဆံရေးကို ဖျက်ဆီးတာက လှပတဲ့အဆုံးသတ်မရှိဘူးဆိုတာဘဲ"

အရံဇာတ်ကောင်၏ ပြန်လည်ခုခံခြင်း (Myanmar Translation )Where stories live. Discover now