အပိုင်း ၃

664 90 0
                                    


"သခင်,သင်ဒီလိုလုပ်တာ မှားတယ်။သခင်က အရံဇာတ်ကောင်နဲ့ ဓားစာခံလေ။သခင်အခုလုပ်သင့်တာက သခင်အသဲကွဲလို့ဝမ်းနည်းပြီး အိမ်ထဲမှာနေနေရမှာလေ။ ပြီးတော့ လန်ဇီနဲ့လုကျိအချစ်ရေးကို တိတ်တဆိတ်ကြည့်ပြီး မခံစားနိုင်လို့ ဖြည်းဖြည်းဖျက်ဆီးရမှာလေ။သခင်လုပ်လို​က်တိုင်းမိရမှာလေ..."

တန်ဂိုပိုက်ဆံသန်း၃၀ ကိုသူမရဲ့ဘဏ်ကတ်ထဲထည့်သွားတာတွေ့လိုက်တဲ့အခါမှာ system မုန်းလွန်းလို့အသေသတ်လိုက်ချင်တယ်။

တန်ဂိုပိုက်ဆံသန်း၃၀ဝင်လာတဲ့ message ကိုကြည့်ပြီးပြုံးလိုက်တယ်။Villain နဲ့ တူလွန်းတဲ့သူမရဲ့ပုံကိုကြည့်ပြီး system သေချင်လာတယ်။

ဘဏ်မန်နေဂျာက သူမကိုလေးလေးစားစားအပြင်ပို့ပြီး သူ့ရဲ့လိတ်စာကတ်ကိုပေးလိုက်တယ်။

သူမလိတ်စာကတ်ကိုအိတ်ထဲထည့်လိုက်ပြီး ကားတံခါးကိုဖွင့်လိုက်တယ်။ပြီးတော့သူမဆန့်ကျင့်ဘက်မှာရှိတဲ့ နေရာကို သူမအကြည့်ရောက်သွားတယ်။

"မိန်းကလေး ကားငှားမှာမဟုတ်ဘူးလား?

ကားဆရာကသိသိစွာစွာစိတ်မရှည်စွာနဲ့ သူ့ရဲ့ခေါင်းကိုကားတံခါးမှထွက်လိုက်တဲ့အချိန်မှာ သူမအကြည့်နဲ့ဆုံသွားတယ်။
သူအနည်းငယ်အသက်ရူရပ်သွားတယ်။သူမရဲ့လှပတဲ့မျက်နှာကြောင့်မဟုတ်ဘူး။ သူမရဲ့ထူးဆန်းတဲ့ အကြည့်ကြောင့်ဖြစ်တယ်။ကားဆရာသေသေချာချာထပ်မေးလိုက်တယ်။"မိန်းကလေး ကားငှားဦးမှာလား?"

"မငှားတော့ဘူး"

တန်ဂိုညင်သာစွာရယ်လိုက်တယ်။တံခါးကိုပြန်ပိတ်ပြီး ဆန်းကျင်ဘက်မှာရှိတဲ့
ဆောင်ချန်ကိုကြည့်လိုက်တယ်။တိတိကျကျပြောရင် ဆောင်ချန်မှာထိုင်နေတဲ့ လူတစ်ယောက်ရဲ့ကျောဘက်ဖြစ်တယ်။

တန်ဂိုရဲ့မျက်လုံးကကျဉ်းလာပြီးသူမရဲ့နှုတ်ခမ်းမြှင့်တက်သွားတယ်။

"သခင် ဘယ်လိုအတွေးတွေတွေးနေတာလဲ။ကျွန်တော်သတိပေးပါတယ်။သခင်ဇာတ်ကြောင်းအတိုင်း လိုက်နာတာပို​ကောင်းမယ်"

"သခင်ဒီကမ္ဘာမပြိုလဲအောင်လုပ်တာ ပိုကောင်းမယ်။ဒါမှမဟုတ်......."

အရံဇာတ်ကောင်၏ ပြန်လည်ခုခံခြင်း (Myanmar Translation )Where stories live. Discover now