အပိုင်း ၆

522 68 0
                                    

လန်ရုကခဏလောက် တိတ်ဆိတ်သွားပြီး တန်ဂိုရဲ့တောင်းဆိုမှုကို ချက်ချင်းပြန်မဖြေနိုင်ခဲ့ဘူး။

တန်ဂိုကအရမ်းစိတ်ရှည်စွာနဲ့ သူ့ရဲ့နိုလက်ဖက်ရည်အေးကို​​ေသာက်ရင်း စောင့်နေခဲ့တယ်။ဒါပေမယ့် သက်သက်သာသာရှိလွန်းလို့ အိပ်မပျော်ရုံတမယ်ဘဲ။

လန်ရုကကသူ့ဘေးနားမှာထိုင်နေတဲ့ကောင်မလေးကို ကြည့်နေမိတာထုံထိုင်းမတတ်ဘဲ။ သူကသူမကိုအရမ်းစိတ်ဝင်စားတယ်။ မဟုတ်ဘူး ပြောရရင် သူမရဲ့သီချင်းဆိုသံကို အရမ်းနှစ်ချိုက်မိတယ်။သူမရဲ့အသံဟာ သူ့ရဲ့ညစ်ထွေးနေတဲ့ စိတ်ကိုငြိမ်းချမ်းစေတယ်။

"ငါမင်းရဲ့တောင်းဆိုမှုကို လက်ခံတယ် ဒါပေမယ့်....."လို့လန်ရုကပြောခဲ့တော့တန်ဂို သေချာဆက်နားထောင်လိုက်တယ်"မင်းဒီဗီလာမှာ နေနိုင်တဲ့အရည်အချင်းပေါ်မူတည်ပြီး အဲ့ကာလအတွင်းမှာ မင်းရဲ့ဆန္ဒအားလုံးကို ဖြည့်ဆည်းပေးမယ်"

တန်ဂိုစိတ်တတ်ကြွသွားတယ်။"တောင်းဆိုချက်အားလုံးကိုလား?"
"သခင်မလန် နေရာကလွဲပြီး"

လန်ရုမြန်မြန်ပြန်ဖြေလိုက်တယ်။ဒီမိန်းမက ဘာမဆိုတောင်းဆိုရဲတယ်။သူမမှာ သခင်မလန်ရဲ့နေရာကို ရနုိင်တဲ့ အရည်အချင်းမရှိဘူး။

တန်ဂိုရယ်လိုက်ပြီး သူမရဲ့မျက်နှာလေးက လန်ရုရဲ့နားနားကပ်သွားပြီး ​တုိးတိုးလေးပြောလိုက်တယ်"ကောင်းပြီ, ကျွန်မကသခင်မလန်မဖြစ်နိုင်ဘူးပေါ့ ဟုတ်လား?"

သူမရဲ့အသံသူ့နားရောက်တဲ့အခါ လန်ရုသူမရဲ့မျက်နှာကိုကိုင်ပြီး ဘေးတွန်းလိုက်တယ်။နူးညံ့တဲ့သူမရဲ့ အသားအရည်က သူ့ရဲ့လက်ကိုခဏကြာရပ်စေပြီး ပြီးတဲ့နောက်မှာတော့ သူ့လက်ကိုပြန်သိမ်းလိုက်တယ်။

"အခု ငါတောင်းဆိုရမယ့်အလှည့်"လန်ရုက သူရဲ့ပုံစံကိုပြောင်းပြီး ဆိုဖါကို မှီလိုက်တယ်။"ငါမင်းရဲ့ သီချင်းဆိုသံကိုနားထောင်ချင်တယ်။ ငါနားထောင်ချင်တဲ့အချိန်မှာ မင်းဘယ်အချိန် ဘယ်နေရာဖြစ်ဖြစ်ဆိုပေးရမယ်။ ဘာကြောင့်လဲဆိုတော့ မင့်ရဲ့သီချင်းသံက ငါ့ကို အိပ်ပျော်စေလိုဘဲ"

အရံဇာတ်ကောင်၏ ပြန်လည်ခုခံခြင်း (Myanmar Translation )Where stories live. Discover now