✍️ Unicode
ဘဝဆိုတာ ခဏလေးလို့ပြောကြပေမဲ့ တကယ်တန်းတော့အကြာကြီးနေရမယ်လို့ထင်ခဲ့တဲ့သူတွေချည်းပါပဲ။
ဘယ်အချိန်မှဘဝဂာခဏလေးဆိုတာကိုသိကြသလဲဆိုရင် အသက်တွေကြီးသွားလို့နောက်ပြန်လှည့်ကြည့်တဲ့အခါမှသာ တကယ့်ကိုခဏလေးနေခဲ့ရတယ်ဆိုတာသိလာတတ်ကြတယ်။
အတူဆုံချိန်တွေဟာပျော်ရွှင်ခဲ့ရတယ်ဆိုရင် ဘဝကပိုမြန်တာကို ကြုံဖူးသူတိုင်းသိကြမှာပဲလေ။
ဟုတ်တယ် တို့တတွေ အတူဆုံချိန်ဟာသိပ်ကိုတိုတောင်းလွန်းခဲ့တယ်။
~~~~~~~~~~~~~~~~ " With "
နေ့လည်ကျောင်းဆင်းအပြန် ဆေးခန်းထောင့်အပေါက်လေးကဝင်ပြီး ဆေးခန်းရှေ့ကဖြတ်အလျှောက် အန်တီနဲ့မေမေရပ်နေတာကိုတွေ့တာမို့ အိမ်ကိုမပြန်သေးဘဲ မေမေတို့အနားကိုအရင်သွားလိုက်သည်။
" အန်တီ ဘာလုပ်လာတာလဲ "
" ဒီမှာလေ သားမာန်ကမှိုဟင်းကြိုက်တယ်ဆိုလို့ တောင်ပို့မှိုဟင်း လာပို့တာ "
" သားထက် ထည်ကလေးကပိုကြိုက်တာပါ ထည်ကလေးဖို့ထားလိုက် "
" ထားခဲ့ပါတယ်သားမာန်ရဲ့ ဟိုနေ့ကသားမာန်လည်းမှိုကြိုက်တယ်ပြောလို့လေ "
" သားကအဲလောက်မကြိုက်ပါဘူး ထည်ကလေးက အဲဒီမှိုရောင်းတဲ့ကောင်မလေးကိုသွားစကားပြောနေလို့ အကုန်ဝယ်ပစ်လိုက်တာ "
" သူ့ဟာသူပြောတာသားနဲ့ဘာဆိုင်လို့လဲ "
မေမေကသူ့ကိုလှည့်ကာဆူဖို့ပြင်သည်။
" ဆိုင်ဆိုင်မဆိုင်ဆိုင် သားနဲ့မတည့်တဲ့သူဆိုရင် ထည်ကလေးလဲစကားမပြောရပါဘူး "
" အဲဒါမျိုးတွေ မေမေမကြိုက်ဘူးနော်သားကိုခန့်ကသည်းခံတိုင်း နေရာတကာအနိုင်ယူနေစရာလား မအေးမွန်လည်း ရဲရင့်သွေးကိုအလိုမလိုက်နဲ့ "
" သားမာန်ကမဆိုးပါဘူး ဆရာမရဲ့ "
" မဆိုးပေမဲ့လည်း သားကိုခန့်ကိုအနိုင်ကျင့်လွန်းတယ် ကျွန်မ မကြိုက်ပါဘူး "
" မေမေကလည်း သားကထည်ကလေးကိုအနိုင်မကျင့်ပါဘူး ထည်ကလေးကသားမခိုင်းဘဲနဲ့ကိုလုပ်ပေးတာ "
YOU ARE READING
💕 " Without ........ "
Romanceဇာတ်လမ်းတိုင်းက ဖြစ်ရပ်မှန်မဟုတ်ပေမဲ့ ဖြစ်ရပ်မှန်တိုင်းကတော့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့တာချည်းပါပဲ။ ~~~~~~~~~~~~~~~~ " Without ........ " ဇာတ်လမ်းတိုင်းက ဖြစ်ရပ်မှန်မဟုတ်ပေမဲ့ ဖြစ်ရပ်မှန်တိုင်းကတော့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့တာချည်းပါပဲ။