💕 " Without ........ " - 36

825 46 37
                                    

✍️ Unicode

အချစ်နဲ့အမုန်းကို အရောင်နဲ့သတ်မှတ်ရင် နှစ်ခုလုံးက အရောင်အတူတူပါပဲတဲ့။

ဒါပေမဲ့ အနီရောင်တွေပဲလို့ သတ်မှတ်ထားတဲ့ အချစ်နဲ့အမုန်း နှစ်ခုလုံးမှာ မတူညီတာတော့ရှိနေခဲ့ပြန်တယ်ဆိုပဲ။

အမုန်းတွေပြင်းထန်လာရင် ကမ္ဘာကြီးကိုပျက်စီးစေပြီးတော့ အချစ်ကတော့ ကိုယ့်ကိုယ့်ကိုပျက်စီးစေတယ်တဲ့လေ။

သင်ရောချစ်ခဲ့ဖူးပြီလား။
တစ်ခုခုကိုပျက်စီးစေခဲ့ဖူးပြီဆိုရင် သင့်အချစ်ကရုပ်ဆိုးအကျည်းတန်သွားခဲ့ပါပြီ။

ဘယ်အရာကိုမှမပျက်စီးစေသေးဘူးဆိုရင်တော့ သင့်အချစ်ကလှပနေဆဲမို့ဖြစ်ပါလိမ့်မယ်။

~~~~~~~~~~ " Without ........ "

" မမ "

အပြင်ကပြန်လာတဲ့မောင်က တီဗွီကြည့်နေတဲ့ သူမနားထိအရောက်လာကာ ခေါ်လိုက်တာမို့ တီဗွီကြည့်ရင်းကပင်ထူးလိုက်သည်။

" ဘာလဲ မောင် "

" ကျွန်တော့်ကို ကွာရှင်းခွင့်ပေးပါ "

မထင်မှတ်ထားတဲ့စကားကြောင့် အလန့်တကြားနဲ့ မောင့်ကိုမော့ကြည့်မိသည်။မောင့်ပုံစံကနောက်ပြောင်နေဟန်မဟုတ်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့မို့ တကယ်ပြောနေတဲ့ပုံစံပေါက်နေသည်။မောင်ကသူ့လက်ထဲမှာကိုင်လာတဲ့ စာရွက်နှစ်ရွက်ကို စားပွဲပေါ်တင်လိုက်ရင်း ဆိုဖာခုံပေါ်ထိုင်ချလိုက်သည်။

" ဘာဖြစ်တယ်မောင် "

" ကျွန်တော် မမနဲ့ ကွာရှင်းချင်တယ် ဒီမှာကွာရှင်းစာချုပ် ကျွန်တော်လက်မှတ်ထိုးထားပြီးပြီ "

သူမတို့အိမ်ထောင်သက်တမ်းတလျှောက်မှာ ဘာပြဿနာမှမရှိခဲ့ဖူး။ယုတ်စွအဆုံးရန်တောင်မဖြစ်ဘူးခဲ့။အခုမှမောင်ကရုတ်တရက်ကွာရှင်းချင်တယ်ဆိုတော့ ဘာကိစ္စလဲ။သူမစိတ်ထဲမှာ မရှင်းမရှင်းရှိနေခဲ့တဲ့ သံသယကအမှန်တကယ်ဖြစ်လာပြီလား။ဟင့်အင်း မဖြစ်နိုင်။မဖြစ်နိုင်ဘူးလို့အားတင်းနေပေမဲ့ သေချာတော့သူမပြောရဲ။

" ဘာဖြစ်လို့လဲ မမမှာ ဘာအပြစ်ရှိလို့လဲ အကြောင်းပြချက်တစ်ခုခုတော့ပေးဦးလေ ဒီအတိုင်းကြီးကွာရှင်းချင်တယ်ဆိုတာကမဖြစ်နိုင်ဘူး "

💕 " Without ........ "Where stories live. Discover now