✍️ Unicode
ကောင်းကင်ကြီးဝမ်းနည်းလာတဲ့အခါ မိုးရေစက်တွေကိုဖြိုချပြီး တိမ်တွေငိုကြတယ်တဲ့။
ဒါ့ကြောင့် မိုးရေစက်တွေဆိုတာ ကောင်းကင်ကြီးပါငိုတဲ့အခါမှသာကျလာတတ်တာမျိုး။
ကောင်းကင်ငိုရင်မိုးပြိုတယ်တဲ့လား တကယ်ဆို ကိုယ်ငိုနေတုန်းကရော ဘယ်သူတွေပြိုကျသွားခဲ့ကြပါသလဲ။
ဟင့်အင်း တကယ်တော့ ကိုယ်ချစ်ရသူငိုနေတုန်းကသာ ကိုယ်ပြိုကျခဲ့ရတာမှတ်မိနေသေးတာပဲ။
ဆုံဆည်းခြင်းဟာ ခွဲခွာခြင်းရဲ့အစဆိုတာကိုသာ အစကငါကြိုသိခဲ့ရင် ဆုံဆည်းခြင်းဆိုတဲ့အဖြစ်ကိုငါမရလိုခဲ့ဘူးရယ်။
~~~~~~~~~~~~~~~~ " With "
" ကဲအချိန်တန်ပြီဆိုတော့လည်း နှုတ်ဆက်ကြရုံပေါ့ကွာ "
မနက်ဖြန်ဆိုရင်ကျူရှင်ရောကျောင်းပါပိတ်ပေးတော့တာမို့ ကျူရှင်မှာသင်္ချာဆရာကနှုတ်ဆက်စကားပြောနေခြင်းဖြစ်သည်။
" ဆယ်တန်းကျသူတွေကတော့ဆရာတို့နဲ့ပြန်တွေ့ဦးမှာပေါ့ ဒါတောင်ရေမျက်နီကိုကျောင်းပြန်လာတက်မှ ပြန်တွေ့ကြတော့မှာ တခြားကျောင်းကိုပြောင်းရင်တွေ့ကြတော့မှာမဟုတ်ဘူး ဆယ်တန်းအောင်သွားကြသူတွေကတော့ ဘဝရဲ့လောကလမ်းတွေပေါ်လျှောက်လှမ်းကြရတော့မှာဆိုတော့ ဆရာတိုနဲ့ပြန်တွေ့ဖို့မလွယ်တော့ဘူးပေါ့ "
ဝမ်းနည်းရိပ်တို့သီသီစွန်းပေနေတဲ့ဆရာ့မျက်ဝန်းတို့ကိုငေးကြည့်နေမိရင်းသူပါဝမ်းနည်းချင်လာသည်။
" တစ်ချို့ကျောင်းသားတွေကထင်တတ်ကြတယ် ဆယ်တန်းအောင်ရင်ပြီးပြီလို့ အမှန်တကယ်ကဆယ်တန်းအောင်မှဘဝကစတာ ဆယ်တန်းအောင်တာနဲ့လောကကြီးထဲဝင်ရတော့မယ် သုခတွေ ဒုက္ခတွေ မျိုးစုံတွေ့ကြုံရတော့မယ် ပျော်စရာတွေနဲ့တွေ့တဲ့အခါရယ်မောကြပေါ့ကွာ စိတ်ဆင်းရဲစရာတွေနဲ့တွေ့တဲ့အခါကြတော့လည်းစိတ်ပေါ့သွားအောင် ငိုပစ်လိုက်ကြပေါ့ "
ငိုပစ်လိုက်ရင်ရောတကယ်စိတ်သက်သာသွားမှာတဲ့လား။မာန့်ကိုမေးကြည့်ဖို့စဉ်းစားနေတုန်း ဆရာကစကားဆက်ပြောနေတာမို့ပြီးမှမေးဖို့တွေးထားလိုက်သည်။
YOU ARE READING
💕 " Without ........ "
Romantikဇာတ်လမ်းတိုင်းက ဖြစ်ရပ်မှန်မဟုတ်ပေမဲ့ ဖြစ်ရပ်မှန်တိုင်းကတော့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့တာချည်းပါပဲ။ ~~~~~~~~~~~~~~~~ " Without ........ " ဇာတ်လမ်းတိုင်းက ဖြစ်ရပ်မှန်မဟုတ်ပေမဲ့ ဖြစ်ရပ်မှန်တိုင်းကတော့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့တာချည်းပါပဲ။