✍️ Unicode
ပျော်ရွှင်စရာအမှတ်တရတွေဟာ တစ်ချိန်ချိန်မှာနာကျင်စရာအမှတ်တရတွေဖြစ်လာတတ်ကြတယ်။
ပျော်ရွှင်ရမယ်ထင်လို့ချန်ထားခဲ့တဲ့ခြေရာတွေကို လည်ပြန်ကြည့်မိတဲ့အခါ မျက်ရည်အပြည့်နဲ့ရေအိုင်ငယ်တွေဖြစ်နေတတ်ကြပြန်တယ်။
တကယ်တော့ပျော်ရွှင်ခြင်းနဲ့ဝမ်းနည်းခြင်းဟာ ရုပ်အရမ်းတူတဲ့အမြွှာတူလေးတွေပဲလေ။
ဒါ့ကြောင့် ပျော်ရွှင်ခြင်းလို့ထင်မိတဲ့အရာကဝမ်းနည်းခြင်းဖြစ်နေတတ်ပြီး ရင်ကွဲပက်လက်ငိုကြွေးခဲ့ရတဲ့အရာက လည်းရယ်မောခြင်းရဲ့အစဖြစ်နေတတ်ပြန်တယ်။
~~~~~~~~~~~~~~~~ " With "
အိပ်ခန်းတံခါးကိုတွန်းဖွင့်လိုက်သံကြောင့် နောက်လှည့်ကြည့်လိုက်တော့ အထုပ်တွေတပွေ့တပိုက်နဲ့ဝင်လာတဲ့ထည်ကလေးကိုတွေ့လိုက်သည်။
" ဘာတွေလဲ ထည်ကလေး "
" နောက်ရိုက်မဲ့ဇာတ်ကားအတွက် အဝတ်အစားတွေလေ မာန် "
သူမေးတာကိုပြန်ဖြေရင်း အထုပ်အပိုးတွေကိုသူ့ရှေ့ချပေးတာကြောင့် အထဲကအဝတ်အစားတွေကိုဆွဲထုတ်ပြီးကြည့်လိုက်ရင်း
" ဇာတ်ကားကဖြင့်ကန်တော့ပွဲတောင်မပေးရသေးဘူးမို့လား ထည်ကလေးရာ "
" ဇာတ်ကားကန်တော့ပွဲပေးမှာကဒီနေ့ညနေလေမာန် ရိုက်မှာသေချာနေပြီပဲကို အဲဒါမနေ့က မာန်ဝယ်နေကြ fashion ဆိုင်ရောက်တုန်း အခုရိုက်မဲ့ဇာတ်ကားနဲ့လိုက်မယ်ထင်တာလေးတွေတစ်ခါတည်းဝယ်လာခဲ့လိုက်တာ မာန်ဝတ်ကြည့်ဦးလေ မကြိုက်တာပါရင်ဒီနေ့ပြန်ပို့ရအောင် ဆိုင်ရှင်ကသဘောကောင်းပေမဲ့ ကိုယ်ကအကြာကြီးထားလို့ဘယ်ကောင်းမလဲ "
Fashion ဆိုင်ပိုင်ရှင်က သဘောကောင်းတဲ့အပြင် သူ့ပရိတ်သတ်ပါဖြစ်တာကြောင့် အဝတ်အစားတွေကိုယူလာခွင့်ပေးကာ မကြိုက်မှပြန်ပို့ခိုင်းလေ့ရှိပါသည်။
" ဒီနေ့ ဘယ်အချိန်ပြန်ပို့မလို့လဲ နောက်နေ့တွေမှပို့လည်းရတာပဲကို "
" ဆယ်နာရီကြရင် ကစားကွင်းဖွင့်ပွဲရှိတယ်လေမေ့နေပြီလား အဲဒီကိုသွားရင်းနဲ့တစ်ခါတည်းဝင်ပို့ရမှာပေါ့ "
YOU ARE READING
💕 " Without ........ "
Romanceဇာတ်လမ်းတိုင်းက ဖြစ်ရပ်မှန်မဟုတ်ပေမဲ့ ဖြစ်ရပ်မှန်တိုင်းကတော့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့တာချည်းပါပဲ။ ~~~~~~~~~~~~~~~~ " Without ........ " ဇာတ်လမ်းတိုင်းက ဖြစ်ရပ်မှန်မဟုတ်ပေမဲ့ ဖြစ်ရပ်မှန်တိုင်းကတော့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့တာချည်းပါပဲ။