💕 " With " - 19

624 38 4
                                    

✍️ Unicode

လိမ်လည်လှည့်ဖြားခြင်းထဲမှာ ကိုယ့်ကိုယ်ကိုလိမ်လည်လှည့်ဖြားခြင်းဟာ ပြန်ဖြေရှင်းဖို့အခက်ဆုံးပဲ။

သူတပါးကိုလိမ်လည်မိတာက ဝန်ချပြီးပြန်တောင်းပန်ဖို့လွယ်ပေမဲ့ ကိုယ့်ကိုယ်ကိုလိမ်လည်တာကတော့ လိမ်နေမှန်းသိရက်နဲ့အမှန်ထင်နေတတ်ကြတယ်။

လိမ်လည်တယ်ဆိုတာ တစ်ချိန်ချိန်မှာတော့ အမှန်ဆီကိုပြန်ရောက်လာစမြဲပဲလေ။အမှန်ကိုပြန်သိလာချိန်ဟာ သိပ်နောက်မကျဖို့ပဲလိုတာပါ။

တကယ်လို့သာ ကိုယ့်ကိုယ်ကိုလိမ်နေခဲ့တယ်ဆိုတာကိုပြန်သိလာချိန်ဟာ အရာရာကုန်လွန်သွားမှဆိုရင်တော့ နောင်တကသာ ဘဝမှာအမှတ်တရအဖြစ်ကျန်နေခဲ့လိမ့်မယ်။

~~~~~~~~~~~~~~~~ " With "

ထည်ကလေးပေးခဲ့တဲ့ဒိုင်ယာလော့စာရွက်ကိုကိုင်ကာ ရိုက်ကွင်းပေါ်ကမမကလျာကိုငေးကြည့်နေမိသည်။ပိုနီတေးစတိုင်ဆံပင်ကိုခပ်မြင့်မြင့်ထုံးထားတဲ့ မမကလျာရဲ့မျက်နှာကကြည်စင်ရှင်းသန့်လို့နေသည်။ကုမ္ပဏီဝန်ထမ်းဝတ်စုံနဲ့ဒေါက်ဖိနပ်ခပ်မြင့်မြင့်စီးထားတာမို့ခန္ဓာကိုယ်ကောက်ကြောင်းအလှတို့က ပီပီပြင်ပြင်ပေါ်လွင်လို့နေသည်။

သူငယ်ချင်းတွေနဲ့စကားပြောရင်း ပျော်ရွှင်ရယ်မောဟန်သရုပ်ဆောင်နေပေမဲ့လည်း တကယ့်ပေါ့ပါးလွတ်လပ်ပျော်ရွှင်မှုကို အပြင်ကကြည့်နေတဲ့သူ့ဆီအထိပါကူးစက်စေသည်။မမကလျာကိုမြင်တိုင်းစိတ်လှုပ်ရှားနေမိတတ်တာမို့ အခုလည်းမေ့မေ့လျော့လျော့ပင်ငေးမောကြည့်နေမိသည်။ရင်ခုန်တာမဟုတ်ဘူးလို့တော့သူထင်မိပေမဲ့ စိတ်လှုပ်ရှားတာနဲ့ရင်ခုန်တာတူမတူ သူသေချာမသိတာလည်းပါပါလိမ့်မည်။

" မာန် ဒိုင်ယာလော့တွေရပြီလား "

" အေး ရသလောက်ရှိပြီထည်ကလေး "

သူကဉာဏ်ကောင်းတာမို့ သိပ်ကြာကြာဖတ်ရလေ့မရှိပါ။တစ်ခေါက်နှစ်ခေါက်ဆိုမှတ်မိသွားတတ်သည်။

" ဇာတ်ညွှန်းရောသေချာဖတ်ပြီးပြီလား တစ်ခေါက်နှစ်ခေါက်တည်းမဖတ်နဲ့နော်မာန် "

💕 " Without ........ "Where stories live. Discover now