💕 " With " - 1

4.8K 118 4
                                    

✍️ Unicode

အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြပေမဲ့ အခုချိန်ထိဘယ်ဟာကအမှန်လဲ မသိကြသေးတဲ့အရာကို အချစ်လို့ခေါ်တယ်။

ခင်ဗျားတို့ရောအချစ်ကိုအဓိပ္ပါယ်တစ်ခုခုဖွင့်ဆိုခဲ့ဖူးပါသလား။အဲဒီအဓိပ္ပါယ်ကိုရောမှန်တယ်လို့ထင်ခဲ့ဖူးပါသလား။

~~~~~~~~~~~~~~~~  " With "

" သင်္ကြန်ရေ ...... လောကကြီးအေးချမ်းကြပါစေ ...... ပန်းများအတိုင်းလန်းဆန်းကြပါစေ ...... အားလုံးအတွက်နှစ်သစ်ဆုမွန်ကောင်းတောင်းမယ် ...... သင်္ကြန်ရေ ...... "

မဟာသင်္ကြန်ဗဟိုမဏ္ဍပ် ဆိုတဲ့ရွှေဝါရောင်စာလုံးတွေက မဏ္ဍပ်စတိတ်ခုံ၏နောက်ခံ အစိမ်းရောင်လိုက်ကာကြီးနဲ့ပနံရလှကာကြွားကြွားဝင့်ဝင့်ရှိလှသည်။ ထိုမဟာသင်္ကြန်ဗဟိုမဏ္ဍပ် ဆိုတဲ့စာလုံးကြီးအောက်နားကဘယ်ဘက်ထောင့်မှာ ရေမျက်နီရွာ ဆိုတာကိုမြန်မာလိုရေးထားပြီး ညာဘက်ထောင့်မှာတော့ 2010 ဆိုတာကိုအင်္ဂလိပ်လိုရေးထားသည်။ လေတိုက်တိုင်းတဖြတ်ဖြတ်လှုပ်နေတဲ့ နောက်ခံလိုက်ကာစနဲ့အတူ စာလုံးတွေကပါယိမ်းနွဲ့နေတာမို့ မဏ္ဍပ်တစ်ခုလုံးကသက်ဝင်လှုပ်ရှားလို့နေကြသည်။

ခမ်းနားလှပလွန်းတဲ့ဒီမဏ္ဍပ်ကြီးကို ကျေးလက်ကျန်းမာရေးဆေးပေးခန်းရှေ့မှာ‌တည်ဆောက်ထားတာဖြစ်ပြီး တစ်ရွာလုံးမှာအကြီးဆုံးမဏ္ဍပ်ကြီးလည်းဖြစ်သည်။ဆေးပေးခန်းအုတ်တံတိုင်း၏ဘယ်ဘက်ထောင့်ရှိ ကုက္ကိုလ်ပင်ကြီးရဲ့အောက်မှာ တည်ရှိတာမို့ အပူဒဏ်ကိုမခံရဘဲ ကုက္ကိုလ်ပင်ကြီးရဲ့နေမခနိုင်တဲ့အရိပ်ကြောင့် သင်္ကြန်မဏ္ဍပ်ကအမိုးမပါပေမဲ့ အေးမြလို့နေပြန်သည်။

ဒီရေမျက်နီရွာမှာ နှစ်စဉ်နှစ်တိုင်းသင်္ကြန်လုပ်ခဲ့ကြပေမဲ့ တောဓလေ့တောဘာသာရေခွက်နဲ့ခပ်လောင်းခဲ့ကြသည်သာဖြစ်သည်။ ဒီနှစ်တော့အရင်နှစ်တွေနဲ့မတူဘဲ တစ်ရွာလုံးကိုရေသွယ်ထားတဲ့ရေတွင်းကနေရေစက်နဲ့တင်ပြီး မြို့တွေမှာရေကစားကြသလိုရေပိုက်နဲ့ရေပက်ကြတာမို့အရင်နှစ်တွေလိုမဟုတ်ဘဲတမူထူးခြားလို့နေပြန်သည်။

မဏ္ဍပ်ကြီးပေါ်ရှိအနက်ရောင်ဆောင်းဘောက်ကြီးတွေကဖွင့်ထားတဲ့ မြူးမြူးကြွကြွသင်္ကြန်သီချင်းသံက ဆူညံစွာအော်ဟစ်နေကြတဲ့လူသံတွေကိုဖုံးလွှမ်းလို့ထားပြန်သည် ။အသွေးအဆင်စုံအရောင်စုံကောင်လေးကောင်မလေးများကတီးလုံးသံနှင့်အတူ မဏ္ဍပ်ရှေ့မှာမြူးကြွပျော်ရွှင်စွာ ကခုန်လို့နေကြသည်။တဖွားဖွားလွင့်စင်ကျလာတဲ့ရေပန်းတွေကလည်း ကခုန်နေသူတွေရဲ့အကြားမှာဝဲပျံလို့နေသည်။

💕 " Without ........ "Where stories live. Discover now