💕 " Without ........ " - 31

910 62 19
                                    

✍️ Unicode

မရှိရင်မဖြစ်ဘူးလို့ထင်ထားခဲ့တဲ့အရာတွေ တကယ်မရှိဘဲဖြစ်သွားတဲ့အခါကြတော့လည်း အားလုံးကပုံမှန်ပြန်ဖြစ်သွားတာပါပဲ။

တစ်ခုတော့ရှိတာပေါ့လေ အဲဒီလိုပုံမှန်ပြန်ဖြစ်သွားဖို့ အနည်းနဲ့များတော့နာကျင်ခံစားရမှာပေါ့။ဒါကလည်းအချိန်တစ်ခုပါ။

အချိန်ဆိုတဲ့သမားတော်ရဲ့ကုစားမှုအောက်မှာ အကောင်းပကတိအတိုင်းနောက်တစ်ကြိမ်ပြန်လည်နိုးထနိုင်လာမှာပါ။

ဘယ်အရာပဲဖြစ်ဖြစ်အသစ်ကပြန်စနိုင်ပါတယ်။တစ်ခုပါပဲ သင်ကိုယ်တိုင်အသစ်ကပြန်စချင်စိတ်ရှိဖို့လိုတာတစ်ခုပါပဲ။

~~~~~~~~~~ " Without ........ "

မဟာမြတ်မုနိဘုရားကြီးကိုဦးချပြီးပေမဲ့ ဘုရားရှိခိုးကတော့ဩကာသတောင်မဆိုဖြစ်သလို ဘာဆုမှလည်းမတောင်းဖြစ်။မဟာမြတ်မုနိရုပ်ပွားတော်မှာရွှေသင်္ကန်းကပ်ရင်း သူ့ကိုစိုးရိမ်တကြီးကြည့်နေတဲ့တော်ဝင့်ကိုလည်းသူပြုံးမပြဖြစ်တော့။အရင်ဆိုရွာအပြန်လမ်းမှာပျော်နေတတ်တဲ့သူကအခုတော့ ဝမ်းနည်းစိတ်တွေအပြည့်နဲ့။အရင်ဆိုအိမ်ပြန်တဲ့အခါတိုင်း အိမ်ရှိလူစုံအတွက် လက်ဆောင်ဝယ်ပြန်ရပေမဲ့ အခုအိမ်အပြန်မှာတော့ အမေ့ဖို့လက်ဆောင်မဝယ်ခဲ့ရပြီ။

" သွားရအောင် ခန့်ကို "

ဘုရားကြီးမျက်နှာသစ်တော်ရေထုပ်ကလေးကိုကိုင်ပြီး အနားရောက်လာတဲ့တော်ဝင်ကသူ့ကိုခေါ်လိုက်တော့မှ နေရာကထဖို့ပြင်လိုက်သည်။ဘယ်အချိန်ကအနားရောက်လာသလဲမသိတဲ့တော်ဝင်က သူ့လက်ကိုကိုင်ကာဆွဲခေါ်ရင်း မနက်စောစောစည်ကားနေတဲ့ ဘုရားဖူးတွေကြားကနေတိုးထွက်လာခဲ့သည်။ကားပေါ်ရောက်တော့မှ တော်ဝင်ကရုပ်ဖျက်ထားတာတွေကိုဖြုတ်ပစ်လိုက်ရင်း သူယူလာတဲ့ မျက်နှာသစ်တော်ရေကိုနောက်ကြည့်မှန်မှာချိတ်လိုက်ပြီး ကားကိုမောင်းထွက်သည်။ပထမဆုံးအကြိမ်အရာရာပြိုလဲကျသွားတုန်းကအနားမှရှိပေးခဲ့တဲ့တော်ဝင်က ဒုတိယတစ်ခါငွေတောင်ကြီးပြိုကျပြန်တော့လည်းအနားမှာအတူတူရှိနေပေးပြန်သည်။

ရုတ်တရက်မေမေဆုံးသွားပြီလို့ ဖေဖေ့ဆီကနေဖုန်းဝင်လာကတည်းက ဝမ်းနည်းစိတ်တို့ကြီးစိုးကာ ဘာလုပ်လို့ဘာကိုင်ရမယ်မသိ။ရွာပြန်ဖို့ကိစ္စကစဘယ်လိုသွားမယ် ဘယ်လိုစားမယ်ဆိုတဲ့အသေးစိတ်အထိတော်ဝင်‌ကအစစအရာရာစီစဉ်ကာ မေမေ့ရဲ့နာရေးအမီ တော်ဝင်နဲ့သူနှစ်ယောက်တည်းထွက်လာကြခြင်းဖြစ်သည်။Without ........ ဇာတ်ကားကြီးအတွက် ရိုက်ကူးရေးကျန်နေသေးတဲ့ မာန့်ကိုအသိပေးမနေတော့။သူကိုယ်တိုင်ကလည်း သူ့အတွက်နဲ့မာန့်ကိုစိတ်သောကတွေမရောက်စေချင်တော့။

💕 " Without ........ "Where stories live. Discover now